မိတ်လိုက်ရာသီမှာ ပြင်းထန်တဲ့ အနံ့နဲ့ ‌ဆွဲဆောင်တတ်တဲ့ ကမ္ဘာအသေးဆုံးဆိတ်မျိုးစိတ်

//s9.kh1.co/fb/fbf527eb686e78da757aa5b1fcfda511e09fa8c9.jpg
MPT

 ၂၄-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၃ ရက် က

မိတ်လိုက်ရာသီမှာ ပြင်းထန်တဲ့ အနံ့နဲ့ ‌ဆွဲဆောင်တတ်တဲ့ ကမ္ဘာအသေးဆုံးဆိတ်မျိုးစိတ်

American Pygmy ဆိတ်ဟာ အမေရိကန်ရှိ Archondroplastic ဝင် ဆိတ်မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ အနောက်အာဖရိက ဆိတ်ပုမျိုးစိတ်တစ်မျိုးဖြစ်ပြီး အသေးဆုံး ဆိတ်မျိုးစိတ်လည်း ဖြစ်ပါတယ်။ Pygmy ဆိတ်တွေကို ကင်မရွန်းတောင်ကြားရှိ အနောက်အာဖရိက အလယ်ပိုင်း နဲ့ ဥရော ၊ အမေရိကန်တို့မှာ မွေးမြူကြပါတယ်။ ကျေးလက်ဒေသတွေမှာ Pygmy ဆိတ်တွေကို နို့စားဆိတ်အဖြစ်‌ မွေးမြူကြပြီး တိုတိုတုတ်တုတ်ခြေတံ နဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ပျမ်းမျှ ပုခုံးအထိအမြင့် ၁ ပေ ဝန်းကျင်တာရှိပြီး Pygmy ဆိတ်ထီးတွေဟာ ပေါင် ၆၀ မှ ၉၀ ကြား အလေးချိန်ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/00/006aa9edcc6728bb7116faa39d5ce8d23d578dee.jpg

တစ်ခါမျိုးပွားရင် တစ်ကောင် မှ လေးကောင်ကြား ပေါက်ကြတဲ့ Pygmy ဆိတ်အမတွေကတော့ အလေးချိန် ပေါင် ၅၀ မှ ၇၅ ပေါင်ကြားသာ ရှိပါတယ်။ အထီးအမ နှစ်မျိုးစလုံးတွငိ ဦးချိုများ ပါရှိပြီး မေးစေ့အောက်က အမွေးမျှင်နဲ့ အခြား ဆိတ်များနဲ့ မတူဘဲခန္ဓာကိုယ်တစ်ခုလုံးကို အမွေးနုရှည်အပြည့် ဖုံးအုပ်ထားပါတယ်။ အမေရိကန်နဲ့ အာဖရိကနိုင်ငံ ‌တွေမှာ Pygmy ဆိတ်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြပြီး ပြပွဲများ နဲ့ တိရစ္ဆာန်ရုံ တို့မှာလည်း တွေ့ရတတ်ပါတယ်။ သားပေါက်ရာသီမှာ Pygmy ဆိတ်အထီးတွေဟာ အမတွေကို ဆွဲဆောင်ဖို့ ပြင်းထန်တဲ့ အနံ့တစ်ခု ထုတ်လွှတ်လေ့ ရှိပြီး အထီးကျန်တတ်တာကြောင့် နှစ်ကောင် အနည်းဆုံး အတူတူထားသင့်တဲ့ အဖော်မက်တဲ့ ချစ်စရာ ဆိတ်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c3/c388d95515b96a3fb2e5eea4cd96de16263898e0.jpg

Pygmy ဆိတ်တွေကို လက်ရှိမှာတော့ နို့ နဲ့ အသားအတွက် အဓိက မွေးမြူကြပြီး မြက်ကို အဓိက စားသုံးတာကြောင့် မြက်ရိတ်စက်အဖြစ်တောင် အသုံးဝင်ကြပါတယ်။ အနက်ရောင် ၊ မီးခိုးရောင် ၊ အညိုရောင် တို့ ရှိကြပြီး ခန္ဓာကိုယ် ဝမ်းဗိုက်နား အလယ်ပိုင်းမှာ အရောင်ဖျော့သွားတတ်ပါတယ်။ ထူးခြားတဲ့ ခန္ဓာကိုယ် ၊ ဦးချို တို့ကြောင့် Pygmy ဆိတ်တွေ များစွာ သေဆုံးခဲ့ရပြီး လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ယခုမှာ‌ ကမ္ဘာပေါ်က အသေးဆုံး ဆိတ်မျိုးစိတ်လေး ဖြစ်တဲ့ Pygmy ဆိတ်တွေကို စနစ်တကျ ပြန်လည်မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T