ခေသူမဟုတ်တဲ့ Gooty က အဆိပ်ပြင်းတဲ့ ရှားပါးပင့်ကူမျိုးစိတ်

//s9.kh1.co/68/682c9103f01426dbfc0d423b71f30262b181ebd6.jpg
MPT

 ၀၆-မေ-၂၀၂၄ ၇pm · လွန်ခဲ့သော ၁၃ ရက် က

ခေသူမဟုတ်တဲ့ Gooty က အဆိပ်ပြင်းတဲ့ ရှားပါးပင့်ကူမျိုးစိတ်

Poecilotheria metallic လို့ လူသိများတဲ့ Gooty Sapphire Tarantula ပင့်ကူဟာ Poecilotheria မျိုးစုက ဆင်းသက်လာတဲ့ ရှေးအကျဆုံး Tarantula မျိူးစိတ်ဝင် ပင့်ကူတစ်မျိုးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းက Andhra Pradesh ပြည်နယ်ရဲ့ အလယ်ပိုင်း ရွက်ကြွေတောမှာ အများဆုံး တွေ့ရနိုင်ပါတယ်။ Poecilotheria metallic ပင့်ကူ နမူနာကို Gooty မြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ 100 ခန့် အကွာ က မီးရထားသစ်ခြံတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့တာကြောင့် Gooty ပင့်ကူဆိုပြီး ခေါ်တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/db/db6edbd0e3903ba24998837600f2780daca5e07a.jpg

ဒါအပြင် ဒီပင့်ကူမျိုးစိတ်ဟာ အခြားမျိုးစိတ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား နက်ပြာရောင် ရှိပြီး အပြာရောင် အမွေးမျှင်ငယ် တို့နဲ့ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ထားကြပါတယ်။ Gooty ပင့်ကူအထီးတွေမှာ အပြာရောင် ပိုရင့်ကြပြီး ခန္ဓာကိုယ် ပိုသွယ်လျကာ ခြေ‌တံတွေမှာ ပိုရှည်ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Poecilotheria metallic အထီးတစ်ကောင်ရဲ့ ခြေထောက်တွေဟာ ပျမ်းမျှအရှည် ၁၅ မှ ၂၀ စင်တီမီတာ ( ၆ မှ ၈ လက်မ ) ကြားရှိကြပါတယ်။ ပုံမှန်အားဖြင့် ပုန်းကွယ်နေလေ့ရှိကာ အလင်းရောင် ကြောက်ပြီး အမှောင်ကြိုက်တဲ့ Gooty ပင့်ကူတွေမှာ သူတို့ကိုယ်ပေါ် အလင်းရောင် ကျနေပြီလို့ ခံစားရတာနဲ့ကို ထွက်ပြေးတတ်တဲ့ အပြင်ပိုင်းအားဖြင့် ချစ်စရာ ပင့်ကူမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/51/51f8049bca75e3ffa44693f4e79e02f742b33ae7.jpg

ကိုယ့်ကို အန္တာရာယ်ပြုတယ်လို့ ထင်တဲ့အခါ အဆိပ်ဓာတ်ထုတ်လွှတ်လေ့ ရှိတဲ့ Poecilotheria metallic ပင့်ကူတွေဟာ ပြင်းထန်တဲ့ အဆိပ်ဓာတ် ပါရှိတဲ့ အဆိပ်ရှိ ပင့်ကူမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒီပင့်ကူရဲ့ အဆိပ်ကြောင့် လူသေဆုံးမှု မှတ်တမ်းမရှိပေမယ့် နှလုံးခုန်မြင့်တက်ခြင်းနဲ့အတူ ခေါင်းကိုက်ခြင်း ၊ ချွေးထွက်ခြင်း ၊ ကြွက်တက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လှပတဲ့ အရောင်အဆင်းနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု‌တို့ကြောင့် Gooty Sapphire Tarantula ပင့်ကူတို့ကို ‌အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူသူ အများအပြားရှိခဲ့ပြီး တန်ဖိုးလည်း အလွန်ကြီးပါတယ်။ တစ်ကောင်ကို ဒေါ်လာ ၁၀၀ မှ ၅၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိတဲ့ Poecilotheria metallic ပင့်ကူလေးတွေကတော့ အကောင်လှပေမဲ့ အဆိပ်ပြင်းတဲ့ ပင့်ကူမျိုးစိတ်လေးဖြစ်ပြီး ‌လက်ရှိမှာ မျိုးသုန်းပျောက်ကွယ်မှု အန္တာရာယ်နဲ့ ကြုံတွေ့နေရတဲ့ ချစ်စရာ ပင့်ကူမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/53/535f852a78ee736b01327d4d42d3cfb8e287cc8f.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T