ပန်းရောင်မျက်လုံးတွေနဲ့ ဂျပန်နိုင်ငံက ရေနေပိုးစုန်းကြူး

//s9.kh1.co/b5/b530a19078ed6b7f94ca027bfa412b62a40ac34c.png
MPT

 ၀၆-မေ-၂၀၂၄ ၆pm · လွန်ခဲ့သော ၁၃ ရက် က

ပန်းရောင်မျက်လုံးတွေနဲ့ ဂျပန်နိုင်ငံက ရေနေပိုးစုန်းကြူး

Aquatica laterails လို့ခေါ်တဲ့ ပိုးစုန်းကြူးလေးကတော့ ဂျပန်လို " heike-botaru " လို့ခေါ်ပြီး ရုရှား ၊ ဂျပန် နဲ့ ကိုရီးယားတို့မှာ တွေ့ရလေ့ရှိတဲ့ ပိုးစုန်းကြူးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ၁၈၆၀ ခုနစ်မှာ ရုရှားပညာရှင်တစ်ဦးဖြစ်တဲ့ Victor Lvanovich Motschulsky က Luciola laterails မျိုးစိတ်ဝင်အဖြစ် စတင် ဖော်ပြခဲ့ပါတယ်။ အခြား ပိုးစုန်းကြူးမျိုးစိတ်တွေနဲ့ မတူဘဲ Aquatica laterails ပိုးစုန်းကြူးတွေဟာ သားလောင်းအဆင့်မှာ ရေထဲမှာ ရှင်သန်နေကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Luciola laterails မှ Aquatica laterails ပိုးစုန်းကြူးဆိုပြီး ဖြစ်လာတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/43/43d1949f81a82306f9630b1d6567768ab13adcda.png

အရွယ်ရောက်ပြီးတဲ့ Aquatica laterails အထီးတွေရဲ့ ပျမ်းမျှအရွယ်အစားမှာ ၆.၅ မှ ၉.၅ မီလီမီတာ ( ၀.၂၆ မှ ၀.၃၇ လက်မ ) ရှိပြီး ၂.၃ မှ ၃.၃ မီလီမီတာ ( ၀.၀၉၁ မှ ၉.၁၃၀ လက်မ ) ကျယ်တာကြောင့် အတော်သေးတယ်ဆိုပေမဲ့ အခြားပိုးစုန်းကြူးတွေနဲ့ယှဉ်ရင်တော့ အလယ်အလတ်ကြီးတဲ့ ပိုးစုန်းကြူးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဘဲဥပုံ ရှိပြီး ထူးထူးခြားခြား ပန်းရောင် မျက်လုံးနှစ်ဖက် တို့ ပါရှိကြပါတယ်။ Aquatica laterails ပိုးလောင်းတွေကို စပါးခင်း နဲ့ ရေစိုစွတ်တဲ့နေရာတွေမှာ တွေ့ရပြီး အရွယ်ရောက်ပြီးသူတွေကိုတော့ ဧပြီလ မှ နိုဝင်ဘာလအထိ ညနက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့ ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/53/537c65de12811206a00c6bfd96992c823471e3a9.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T