အကောင်နဲ့ မလိုက် စွမ်းဆောင်‌နိုင်တဲ့ သစ်ရွက်စိမ်းပိုးကောင်အမများ

//s9.kh1.co/05/058e906d9286fc0c9672e18b6785e9633e8b682d.jpg
MPT

 ၀၆-မေ-၂၀၂၄ ၇pm · လွန်ခဲ့သော ၁၃ ရက် က

အကောင်နဲ့ မလိုက် စွမ်းဆောင်‌နိုင်တဲ့ သစ်ရွက်စိမ်းပိုးကောင်အမများ

Pulchriphyllium bioculatum သို့မဟုတ် Javanese leaf insect သို့်မဟုတ် Grey's leaf insect လို့ခေါ်တဲ့ အင်းဆက်မျိုးစိတ်ကတော့ အာရှတိုက်ရဲ့ အပူပိုင်းဒေသတွေမှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ Phylliidae မျိုးရိုးက အရွက်အင်းဆက် တစ်မျိုးပဲ ဖြစ်ပါတယ်။ Grey's leaf insect ကို ၁၈၃၂ ခုနှစ်မှာ အင်္ဂလိပ် သတ္တဗေဒပညာရှင် George Robert Grey က ပထမဆုံး ရှာဖွေဖော်ပြခဲ့ပြီး သူ‌ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံး Phasmid အင်းဆက်မျိုးလေးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အစိမ်းရောင် သစ်ရွက်အရောင်အဆင်းရှိပြီး ခန္ဓာကိုယ် နဲ့ ခြေတံ လက်တံ တို့မှာ သစ်ရွက်ကို အချိုးကျ ညှပ်ထားသဖွယ် ဖြစ်နေတာကြောင့် သစ်ရွက်စိမ်းပိုးကောင် လို့လည်း ခေါ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/8d/8daa7fcaba51c58636e80b9bb1bfd5a7fc282650.jpg

အရွယ်ရောက်ပြီးတဲ့ Grey's leaf insect အထီးတွေမှာ ပျမ်းမျှအရှည် ၂.၆ မှ ၃.၇ လက်မ ရှိပြီး အမတွေကတော့ ၁.၈ မှ ၂.၇ လက်မ အရှည် ရှိကြပါတယ်။ အထီးထက် အမတွေက အကောင်အရွယ်အစား ပိုသေးပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံလည်း အနည်းငယ် ကွာခြားကြပါတယ်။ လိင်နှစ်မျိုးစလုံးဟာ အစိမ်းရောင် ၊ အဝါရောင် ၊ လိမ္မော်ရောင် တို့ရှိပြီး Grey's leaf insect အ‌မ‌တွေမှာ‌တော့ အာရုံခံရာမှ အသုံးပြုတဲ့ Antenna ပိုတိုကြပါတယ်။ ဒါအပြင် အထီးတွေမှာ ပျံသန်းဖို့ နောက်ကျော အတောင်ပံ များ ပါရှိကြပြီး အမတွေကတော့ အတောင်ပံ မပါကြဘူးပဲ ဖြစ်ပါတယ်။ Grey's leaf insect အမတွေက တစ်သက်မှာ ဥ ၅၀၀ ကျော် ဥနိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/21/2137cf5ba515b706fad33666311d31f4b31bc74c.jpg

ဒါကြောင့် အကောင်နဲ့မလိုက် စွမ်းဆောင်နိုင်တဲ့ Grey's leaf insect ‌အမတွေက မျိုးစု မပျက်ယွင်းဖို့အတွက် အဓိကစွမ်းဆောင်ပေးနေပါတယ်။ အထီးတွေဟာ ၃ ပတ် မှ ၁ လအထိသာ ရှင်သန်နိုင်ပြီး အမတွေကတော့ ၄ လ မှ ၇ လလောက်ထိ ရှင်သန်နိုင်တာကြောင့် အထီး ထက် အမက ပိုသာ တဲ့ အင်းဆက်မျိုးစိတ် တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ အသီးအနှံတွေကို အဓိကစားသုံးကြပြီး အရှေ့တောင်အာရှရဲ့ အပူပိုင်း နဲ့ အပူပိုင်းမိုးသစ်တော ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြတဲ့ Grey's leaf insect တွေကို သူတို့ရဲ့ သစ်ရွက်ပုံ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် အလွယ်တကူ ရှာမတွေ့နိုင်ကြပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/99/99846fc299b55c4616ab6b644f4bbc4440c3c44a.png
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T