EXO အဖွဲ့ဝင်တွေနှင့်ရင်းနှီးနေသေးကြောင်းပြောလာခဲ့တဲ့ Lay

//s9.kh1.co/52/52f94f4dad0ae8c198681265d88c8ab73579db4d.jpg
MPT Korea Celebrity

 ၂၄-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

EXO အဖွဲ့ဝင်တွေနှင့်ရင်းနှီးနေသေးကြောင်းပြောလာခဲ့တဲ့ Lay

Lay ဟာ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီးတော့ အဖွဲ့နှင့်အတူ နှစ်အကြာကြီးအတူဖျော်ဖြေတာမျိုးမရှိခဲ့ပေမဲ့ အမြဲတမ်း EXO အကြောင်းကိုပြောလေ့ရှိသူဖြစ်ပါတယ်။ အဖွဲ့ကနေတရားဝင်ထွက်ခွာသွားပြီး လက်ရှိအချိန်မှာ ကိုယ်ပိုင်အေဂျင်စီလည်ပတ်နေပြီဖြစ်တဲ့ Lay ဟာ မကြာသေးခင်က အင်တာဗျုးတစ်ခုမှာ အဖွဲ့ဝင်တွေအကြောင်းကိုပြောခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=563,h=459,q=100/14/14a703e9c8e61d7e2e6726fc285e19ad6ad0b6a5.jpg

Lay က သူ့အနေနှင့် EXO အဖွဲ့ဝင်တွေနှင့်အမြဲအဆက်အသွယ်ရှိကြောင်းအရင်ကလည်းပြောခဲ့ဖူးပါတယ်။ သူအများဆုံးဆက်သွယ်ဖြစ်သူကတော့  Chanyeol ဖြစ်ပြီးတော့ Chanyeol ဟာသီချင်းသစ်တွေထွက်တိုင်း သူ့ကိုအားပေးပြီးအကြံတွေပေးတတ်တယ်လို့ ပြောခဲ့တာပါ။ မကြာသေးခင်ကလည်း Lay ဟာ ပရိတ်သတ်တွေရှေ့မှာ Live လွှင့်ရင်း Chanyeol ကိုဖုန်းခေါ်ပြီးစကားပြောခဲ့ဖူးပါတယ်။ 

https://s9.kh1.co/__image/w=564,h=718,q=100/06/065728abbbea2ee2be456ab010b9f1562dbcfcc9.jpg

ပုံမှန်အားဖြင့် အဖွဲ့ကနေထွက်သွားတဲ့ အဖွဲ့ဝင်တွေဟာ ကျန်ခဲ့တဲ့သူတွေနှင့်ဆက်ဆံတာတွေသိပ်မရှိတတ်ပါဘူး။ အကြောင်းကတော့ ကုမ္မဏီရဲ့စည်းကမ်းသတ်မှတ်ချက်တွေအပြင် တစ်ခြားအကြောင်းအရာကန့်သတ်မှုတွေကြောင့် အခုလိုမျိုးလုပ်ဖို့ခဲယဥ်းပေမဲ့ ကိုယ်ပိုင်အေဂျင်စီတည်ထောင်ထားတဲ့ Lay အတွက်တော့ လွတ်လွတ်လပ်လပ်ဆက်သွယ်နေနိုင်တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T