ဇာတ်ကောင်အတွက် ရုပ်ပါပြောင်းသွားအောင်ကြိုးစားခဲ့တဲ့ နာမည်ကြီးမင်းသားတစ်ယောက်

//s9.kh1.co/83/8311d872ff91cba3757738b249315c09ae1bc8d2.jpg
MPT Korea Celebrity

 ၀၄-မေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၅ ရက် က

ဇာတ်ကောင်အတွက် ရုပ်ပါပြောင်းသွားအောင်ကြိုးစားခဲ့တဲ့ နာမည်ကြီးမင်းသားတစ်ယောက်

တရုတ်နိုင်ငံရဲ့နာမည်ကြီးအဆိုတော် မင်းသားတစ်ယောက်ဖြစ်တဲ့ Wang Yi Bo ဟာအမှန်တော့ ကေပေါ့အိုင်ဒေါအဖွဲ့တစ်ခုကဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အိုင်ဒေါတစ်ယောက်အနေနှင့်လှုပ်ရှားတာမရှိတော့ပေမဲ့ ဝမ်ရိဘိုဟာတရုတ်မှာတော့ ပရိတ်သတ်အင်အားတောင့်တင်းပြီးတော့ အအောင်မြင်ဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=564,h=1002,q=100/6b/6b608dc1ffbd506baeb1f2de7f8e06bc31030b1f.jpg

ဒီတစ်ခေါက်မှာလည်း ဝမ်ရိဘိုဟာ ဇာတ်ကားတစ်ခုအတွက် သူ့ရဲ့မျက်နှာကိုလုံးဝပြောင်းလဲလိုက်တာကြောင့် ပရိတ်သတ်တွေတောင်မှ မမှတ်မိနိုင်ဖြစ်ခဲ့ရတာပါ။ တရုတ်ရဲတပ်ဖွဲ့တစ်ခုရဲ့ပြည်ပ လှုပ်ရှားမှုနှင့်စွန့်စားမှုတွေအကြောင်းကိုပုံဖော်ထားတဲ့ ဇာတ်ကားအတွက် ရိဘိုဟာ မျက်နှာကိုအမဲရောင်ဖြစ်အောင်ပြောင်းထားတာပါ။ 

https://s9.kh1.co/__image/w=650,h=747,q=100/00/00c9fdf83b7ff576b7a17453a68239adfeb3d8a3.webp

မျက်နှာထဲတင်မကဘဲ ဆံပင်ကေကိုပါ ပြောင်းလဲပြီးတော့ လူမည်းတစ်ယောက်လိုမျိုးပုံဖော်ထားတာဖြစ်ပါတယ်။ တစ်ခြားသရုပ်ဆောင်တွေလည်း အခုလိုမျိုးပဲရုပ်ဖျက်ပြီးတော့ ပါဝင်ထားတာကြောင့် ဇာတ်ကားကိုဝေဖန်မှုတွေရှိနေပါတယ်။ လူမည်းတွေကို ပုံစံတူကူးချတာမျိုးက အတော်လေးယုတ္တိမရှိဖြစ်ပြီးတော့ ဘယ်လိုအကြောင်းအရာကြောင့်အခုလိုမိတ်ကပ်ကိုဖန်တီးခဲ့တာလဲဆိုတာကို ဇာတ်ကားထွက်မှပဲအပြည့်အစုံသိနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=785,q=100/f3/f3175070edfb1d66263246fed2c3fb4865d3e09c.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T