ချမ်းသာတဲ့အသိုင်းအဝိုင်းကလာတယ်ဆိုတဲ့ သတင်းတွေအကြောင်းကိုဖြေရှင်းခဲ့တဲ့ မင်းသားပတ်ဆောင်းဟွန်း

//s9.kh1.co/38/3885adc8fa02f8136f79f14840c4ffb37c5d4335.jpg
MPT Korea Celebrity

 ၀၄-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၅ ရက် က

ချမ်းသာတဲ့အသိုင်းအဝိုင်းကလာတယ်ဆိုတဲ့ သတင်းတွေအကြောင်းကိုဖြေရှင်းခဲ့တဲ့ မင်းသားပတ်ဆောင်းဟွန်း

Queen of Tears ဒရာမာမှာ ပရိတ်သတ်တွေကိုအတော်လေးစိတ်တိုစေခဲ့တဲ့ ဗီလိန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားပတ်ဆောင်းဟွန်းဟာ မကြာသေးခင်က You Quiz on the Blocks အစီအစဥ်ကိုသွားခဲ့ပါတယ်။ အစီအစဥ်မှာသူ့ရဲ့သရုပ်ဆောင်လမ်းကြောင်းအပါအဝင် လတ်တလောထွက်ပေါ်နေတဲ့သတင်းတွေအကြောင်းကိုလည်း ဖြေကြားသွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/26/2683b628cead005d784c2d509a0933c511ee77e1.jpg

ဇာတ်ကားထုတ်လွှင့်ပြီးမကြာခင်မှာပဲ မင်းသားဟာချမ်းသာကြွယ်ဝတဲ့နောက်ခံအသိုင်းအဝိုင်းကနေလာတဲ့သူဖြစ်ကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သတင်းတွေအရ သူဟာ ကြွယ်ဝတဲ့မိသားစုကနေလာတာဖြစ်ပြီး ဒရာမာထဲက ဇာတ်ကောင်တွေလိုပဲ ချမ်းသာတယ်ဆိုပြီးပြောခဲ့ကြတာပါ။ ရှိုးမှာတော့ ပတ်ဆောင်းဟွန်းက သတင်းတွေဟာမမှန်ကန်ကြောင်းနှင့်သူ့မိသားစုဟာလည်း အတော်လေးကိုဆင်းရဲနွမ်းပါးခဲ့ကြောင်း ပြန်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=689,q=100/6e/6e5361aedd20cf145ab8b2a7e97c8a4660d5ba8e.jpg

မင်းသားရဲ့မိသားစုဝင်တွေဟာ သတင်းထဲကလိုပဲ ဆရာဝန်နှင့် ရှေ့နေတွေဖြစ်ပေမဲ့ အခြေအနေတစ်ခုကြောင့် အတော်လေးနွမ်းပါးသွားခဲ့ရတယ်လို့သိရပါတယ်။ ငယ်ငယ်တုန်းက အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ခဲ့ပြီးတော့ ဗီလိန်ကာရိုက်တာတွေကြောင့် အပြင်ဘဝမှာပါတစ်ခါတစ်လေအမုန်းခံရတယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T