ရုတ်တရက်ပိတ်ချလိုက်တဲ့ YGX Dance Academy

//s9.kh1.co/4b/4b2bad07efaad02f76f02049f63adf3218cd2827.jpg
MPT Korea Celebrity

 ၀၃-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၆ ရက် က

ရုတ်တရက်ပိတ်ချလိုက်တဲ့ YGX Dance Academy

YGX ဟာ ကေပေါ့အိုင်ဒေါတွေအတွက် နာမည်ကြီးအကတွေအများကြီးဖန်တီးပေးခဲ့တဲ့အပြင် YG အနုပညာရှင်တွေရဲ့ပင်တိုင်အားကိုးရတဲ့အကအဖွဲ့ဖြစ်ခဲ့တာပါ။ အကပြိုင်ပွဲတွေမှာပါ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးတော့ ထိပ်တန်းအဆင့်တွေရခဲ့တဲ့ ဒီအကအကယ်ဒမီဟာ ရုတ်တရက်ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d2/d29a5917207f61b490683a487cfb010cf3f63a7d.webp

ပိတ်သိမ်းရတဲ့အကြောင်းရင်းကိုတော့ ဖော်ပြထားတာမျိုးမရှိဘဲ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမျိုးကိုပါ ထပ်ပြီးကြေညာထားတာမျိုးမရှိပါဘူး။ YG ဟာထိပ်တန်းအိုင်ဒေါအဖွဲ့တွေဖြစ်တဲ့ Big Bang 2NE1 BlackPink iKON လိုမျိုးအဖွဲ့တွေကိုမွေးထုတ်ခဲ့တဲ့ကုမ္မဏီဖြစ်ပါတယ်။ အကအကယ်ဒမီဟာဆိုရင်လည်း အကလောကမှာပါ အသိအမှတ်ပြုကြတဲ့ထိပ်တန်းအကအကယ်ဒမီဖြစ်နေတာပါ၊

https://s9.kh1.co/__image/w=650,h=1123,q=100/1f/1f175e41ff27785bd0a9053106dd5c515ab6f7b4.webp

ဒီဖျက်သိမ်းတဲ့သတင်းကို YGX ရဲ့နာမည်ကြီးအကသမားတွေကိုယ်တိုင်က Myday မှာတင်ရင်း အတည်ပြုခဲ့ကြတဲ့အပြင် သူတို့ကိုစောင့်နေတဲ့ ပရိတ်သတ်တွေကိုကျေးဇူးတင်ကြောင်းပြောထားကြပါတယ်။ YGX မှာ Kwon Twin Lee Jung အစရှိတဲ့နာမည်ကြီးအကဆရာတွေအများကြီးရှိပြီးတော့ ပိတ်သိမ်းလိုက်ရတဲ့အကြောင်းရင်းကိုမကြာခင်မှာသိရပြီး ကောင်းမွန်တဲ့အကြောင်းအရာပဲဖြစ်ဖို့ ပရိတ်သတ်တွေက ဆုတောင်းနေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=1054,q=100/21/21eb875f23b42a80fb30c7f885aa146d60327134.jpeg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T