ချစ်သူကောင်မလေးရသွားပြီဖြစ်တဲ့ BL မင်းသား Bright

//s9.kh1.co/97/9779d2db5a1741017a039df0d7ec646addf0b4e3.jpg
MPT Korea Celebrity

 ၂၄-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

ချစ်သူကောင်မလေးရသွားပြီဖြစ်တဲ့ BL မင်းသား Bright

BrightWin အဖြစ်နာမည်ကြီးတဲ့ BL Series အတွဲဟာ လက်ရှိအချိန် အအောင်မြင်ဆုံးလို့ဆိုနိုင်တဲ့ BL Couple ဖြစ်ပါတယ်။ နှစ်ယောက်သားဟာ အတူရိုက်ကူးတဲ့ 2gether စီးရီးကနေတစ်ဆင့်အောင်မြင်မှုတွေ အများကြီးရလာပြီးတော့ အခုဆိုရင် ဘရိုက်ဟာ ကိုယ်ပိုင်ကုမ္မဏီတောင်တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=611,q=100/6e/6ec7a5ce78337dc8fa2aeba357284011c1d7b39b.jpg

မကြာသေးခင်က ထွက်လာတဲ့သတင်းတွေအရ ဘရိုက်ဟာ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် NeNe  နှင့်ချစ်သူဖြစ်နေတယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်။ သတင်းထွက်လာချိန်မှာပဲ ဘရိုက်ဖက်ကနေပြီး မှန်ကန်ကြောင်းအတည်ပြုခဲ့တာကြောင့် စီးရီးဖန်တွေအတွက် မယုံနိုင်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲတက်အင်တာဗျုးတစ်ခုမှာတော့ ဘရိုက်က Nene ဟာ သူ့အတွက်တန်ဖိုးရှိတဲ့သူဖြစ်ကြောင်း အများကြီးချစ်ရသူဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။ Part of My Life လို့တောင်မှ တင်စားပြီးပြောခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=844,q=100/32/32f9857f212628065a8159b89ca1d0f0971c11b4.jpg

BL မင်းသားအများစုဟာ တွဲဖက်မဟုတ်ဘဲ တစ်ခြားမိန်းကလေးချစ်သူရှိရင်အတော်လေးဝေဖန်ခံရလေ့ရှိပါတယ်။ ဘရိုက်အနေနှင့် အင်တာဗျုးတွေမှာပါ အခုလိုချစ်သူဖြစ်သူကို ဘယ်လောက်ချစ်ကြောင်းပြောနေတာဟာ အတိုင်းအတာတစ်ခုအထိတော့ ပရိတ်သတ်တွေကို စိတ်ဆိုးစေမှာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T