The Season မှာ Lee Hyori ပြီးနောက် MC အဖြစ်ဆောင်ရွက်သွားမယ့် Zico

//s9.kh1.co/6d/6def948232ef30dc9956fe9b768a8e0cef40c2b9.jpg
MPT Korea Celebrity

 ၂၄-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

The Season မှာ Lee Hyori ပြီးနောက် MC အဖြစ်ဆောင်ရွက်သွားမယ့် Zico

KBS ရဲ့နာမည်ကြီးတေးဂီတရှိုးတစ်ခုဖြစ်တဲ့ The Season ဟာ လီဟိုရီပါဝင်တဲ့အပိုင်းကုန်ဆုံးသွားတာကြောင့် တင်ဆက်သူအသစ်နှင့်အတူ အပိုင်းအသစ်တွေပြန်တင်ဆက်တော့မှာဖြစ်ပါတယ်။ ဒီရှိုးဟာ နာမည်ကြီးအဆိုတော်တွေသီချင်းဆိုရင်းစကားပြောကြတဲ့ အစီအစဥ်ဖြစ်တာကြောင့် နာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/fa/fa3bbcac25d28e55d448ff454b79dfe0dd89086e.jpg

Jay Park AKMU အစရှိတဲ့ထိပ်တန်းအနုပညာရှင်တွေ တင်ဆက်သူလုပ်ခဲ့ပြီးတော့ နောက်ဆုံး Season မှာနာမည်ကြီးအဆိုတော်လီဟိုရီက တင်ဆက်ခဲ့တာပါ။ လက်ရှိအသစ်စတင်မယ့် Season  မှာတော့ Zico u The Season: Zico’s Artists ဆိုတဲ့ခေါင်းစဥ်နှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=800,q=100/d3/d33dd08072672810fe9456e61905026aafaacd6e.jpg

ဇီကိုဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ Hit ဖြစ်တဲ့သီချင်းပေါင်းများစွာကိုထုတ်လုပ်ထားတဲ့သူပါ။ သူ့ကိုယ်ပိုင်ကုမ္မဏီဖြစ်တဲ့ KOZ Entertainment Label ကနေလည်း Boynextdoor ဆိုတဲ့ ကေပေါ့အဖွဲ့တစ်ခုကို ပွဲဦးထွက်စေခဲ့တာဖြစ်ပါတယ်။ Zico ဟာ မကြာခင်မှာ BlackPink အဖွဲ့ဝင် ဂျင်းနီနှင့်ပူးပေါင်းတင်ဆက်ထားတဲ့ Spot ဆိုတဲ့သီချင်းလည်းထွက်ရှိလာမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=720,q=100/06/069fff55dedb55f3a2bcca88450bdd4e3c211c85.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T