Pygmy marmosets မျောက်တွေ ဘာလို့‌ရှားပါးလာတာလဲ

//s9.kh1.co/3b/3b6e9dee585bfdb1e0a72e0ea7d5657609fb2329.jpg
MPT

 ၁၄-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၆ ရက် က

Pygmy marmosets မျောက်တွေ ဘာလို့‌ရှားပါးလာတာလဲ

တောင်အမေရိကတိုက်အနောက်ပိုင်း ၊ အမေဇုန်မြစ်ဝှမ်းရဲ့ မိုးသစ်တောတို့ ဇာတိဖြစ်တဲ့ Pygmy marmosets မျောက်များဟာ New world မျောက်မျိုးစိတ်ထဲက အသေးစားမျောက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒီမျောက်တွေဟာ ပျမ်းမျှ ၁၀၀ ဂရမ် ( ၃.၅အောင်စ ) ကျော်သာရှိပြီး ကမ္ဘာ့အသေးဆုံး မျောက်များအဖြစ် ထင်ရှားလူသိများပါတယ်။ အထီးအမ တစ်စုံနဲ့ မွေးဖွားထားသော အမျိုးနွယ် သားပေါက် လေးကောင်ဝန်းကျင် ဖြင့် ခုနှစ်ကောင် မှ ကိုး‌ကောင်ကြား အုပ်စုဖွဲ့နေလေ့ရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/cb/cbd39e494cc8bbe8ac5da529bfdb544de1f24b48.jpg

နီညိုရောင် ၊ ရွှေရောင် ၊ မီးခိုးရောင် နဲ့ အနက်ရောင်ရောဆက်ထားတဲ့ အမွေးများရှိပြီး နောက်ကျော နဲ့ ဦးခေါင်းမှာ အဝါရောင် ၊ လိမ္မော်ရောင် တို့ ရှိပါတယ်။ ခြေထောက်ပိုင်းသည် အညိုရောင် ရှိပြီး အမြီးမှာ အနက်ရောင်အကွင်းလေးများနဲ့ ပုံဖော်ထားပါတယ်။ Pygmy marmosets များဟာ သူတို့ရဲ့ ဦးခေါင်းကို ၁၈၀ ဒီဂရီအပြည့် လှည့်နိုင်ကြပြီး သစ်ပင်ရဲ့ အကိုင်းအခတ်များ နဲ့ ပင်စည်ကို တွယ်ကပ်တတ်နိုင်ဖို့ ချွန်ထက်တဲ့ လက်သည်းများလည်း ပါရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/51/51d8ae8f90d3094d74316f510189b45de3671491.jpg

သစ်ကိုင်းများကြား အမြင့်ဆုံး ၅မီတာ ( ၁၆ ပေ ) အထိ ခုန်နိုင်ပြီး ပျမ်းမျှဘဝသက်တမ်း ၁၅ နှစ် မှ နှစ် ၂၀ အထိ ရှင်သန်နိုင်ကြပါတယ်။ သစ်ပင်ရဲ့ ပင်စည်အခေါက်မှ ထွက်တဲ့ အစေးရည်များကို အဓိကစားသုံးကြပြီး ဝတ်ရည် ၊ သစ်သီး တို့ကိုလည်း စားလေ့ရှိပါတယ်။ ရာသီဥတုပြောင်းလဲခြင်း ၊ တောမီးလောင်ခြင်း ၊ တောရိုင်းများတွင် သစ်ပင်‌များပေါ်မှ ပြုတ်ကျခြင်းတို့ကြောင့်အသေအပျောက်များခဲ့ပြီး ယနေ့မှာတော့ ကမ္ဘာပေါ်က ရှားပါးမျောက်မျိုးစိတ်ဝင် မျောက်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b9/b9dd1b5e48c90a19c30645dbe57b0e1b983b5eac.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T