Deathstalker ကင်းမြီးကောက်တွေက တကယ်ပဲ အဆိပ်ပြင်းလား

//s9.kh1.co/1e/1e88396a0bde5534ad8ebc906f9e0f91187961ad.jpg
MPT

 ၃၀-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂၁ ရက် က

Deathstalker ကင်းမြီးကောက်တွေက တကယ်ပဲ အဆိပ်ပြင်းလား

Deathstalker ကင်းမြီးကောက်ကတော့ Butgidae မိသားစုက ဆင်းသက်လာတဲ့ ကင်းမြီးကောက် မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Naqab ကန္တာရကင်းမြီးကောက် သို့မဟုတ် ပါလက်စတိုင်းအဝါရောင်ကင်းမြီးကောက် လို့လည်း လူသိများပြီး အဝါနုရောင် အရောင်အဆင်း ရှိကြပါတယ်။ ပျမ်းမျှအားဖြင့် ၅၈ မီလီမီတာ ( ၂.၃ လက်မ ) ရှည်လျားပြီး မြောက်အာဖရိက မှ အရှေ့အလယ်ပိုင်းအထိ သဲကန္တာရ များနဲ့ ချုံနွယ်ထူထပ်တဲ့ နေရာတို့မှာ တွေ့ရနိုင်ပါတယ်။ ဆာဟာရ ၊ အာရေဗျသဲကန္တာရ ၊ အိန္ဒိယသဲကန္တာရ ၊ အာရှတိုက်အလယ်ပိုင်း နဲ့ အနောက်ပိုင်း ၊ အီဂျစ် ၊ အီသီယိုးပီးယား တို့အထိ ကျယ်ပြန့်စွာ တွေ့ရလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f2/f2adb7c398159ffac93e00cd71cb6cb1f69b4e84.jpg

သူတို့ရဲ့ နာမည်အတိုင်း Deathstalker ကင်းမြီးကောက်တွေမှာ ‌ပြင်းထန်တဲ့ အဆိပ်ပြင်း ပါရှိပြီး အန္တာရာယ် အရှိဆုံး ကင်းမြီးကောက်မျိုးစိတ်ထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Deathstalker ကင်းမြီးကောက်ရဲ့ အဆိပ်မှာ အာရုံကြော တစ်ရှူးများကို ပျက်စီးစေတဲ့ Neurotoxins အဆိပ်ဓာတ် ပါရှိပြီး သေ‌စေနိုင်တဲ့ ပမာဏကတော့ ၅၀ ၊ ၅၀ ရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူရွယ်တစ်‌ယောက်ကို သေဆုံးနိုင်တဲ့အထိ မပြင်းထန်ပေမယ့် ကလေးသူငယ်များ ၊ လူကြီးရွယ်အိုများ နဲ့ ‌ကိုယ်ခံအား အားနည်းတဲ့ ရောဂါအခံ ရှိသူတွေကိုတော့ Anaphylaxis ဓာတ်မတည့်မှု ဖြစ်စေကာ အသက်ဆုံးရှုံးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/61/6145562101d79de933fb793bce87efd6105a7377.jpg

အစ္စရေးနိုင်ငံက လေ့‌လာမှုတစ်ခုအရ Deathstalker တို့ရဲ့ အဆိပ် မိပြီးနောက် လူတစ်ယောက်ဟာ သရက်ရွက်ရောင်ခြင်း ရောဂါ ဖြစ်နိုင်နှုန်း များပြီး ‌များသောအားဖြင့် အဆုတ်ရောင်ခြင်းဖြစ်‌ကာ သေဆုံးတတ်ပါတယ်။ ဒါကြောင့် Deathstalker တွေကို လက်ဝယ်ပိုင်ဆိုင်ခြင်းကို တားမြစ်ထားတဲ့ ဥပဒေများ ရှိပြီး အန္တာရာယ်ရှိ‌တဲ့ တိရစ္ဆာန်မျိုးစိတ်အဖြစ် ကန့်သတ်ထားကြပါတယ်။ အလေးချိန် ၃ ဂရမ်သာ ရှိတဲ့ ဒီကင်းမြီးကောက်တွေဟာ ၂၅ နှစ်အထိ ရှင်သန်နေထိုင်နိုင်ကြတဲ့ ဖိုးသက်ပြင်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ သဲကန္တာရတွေမှာသာ အတွေ့များတဲ့ Deathstalker ကင်းမြီးကောက်တွေက ကျွန်မတို့ရဲ့ လူမှုဝန်းကျင်ကမ္ဘာမှာတော့ တွေ့ရခဲတဲ့ အန္တာရာယ်များတဲ့ ကင်းမြီးကောက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/61/61cc3917771cf008e47853313c9271b9d0e2fc8c.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T