ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး နိုင်ငံ ၃ နိုင်ငံ

//s9.kh1.co/ce/ce82022c9ac99cefe94aef51e0d4991c7cbd0e06.jpg
MPT

 ၃၀-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂၁ ရက် က

ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး နိုင်ငံ ၃ နိုင်ငံ

၁။ Afghanistan

ကုန်းတွင်းပိတ် နိုင်ငံငယ် ၃ နိုင်ငံထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အာဖရန်နစ္စတန်နိုင်ငံဟာ အစ္စလာမ်ဘာသာကို အဓိက ကိုးကွယ်ကြပြီး အကြီးဆုံးမြို့တော်မှာ Kabul မြို့ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းတွေအရ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေမှာ ၃၂.၉ သန်းရှိမယ်လို့ ခန့်မှန်းရပြီး မြို့ပြနေ ဦးရေမှာ ၂၃.၉% ၊ ကျေးလက်နေ ဦးရေမှာ ၇၁.၄% နဲ့ ကျန် ၄.၇% ကတော့ ခြေသလုံးအိမ်တိုင် အိမ်ခြေရာမဲ့သူများ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်စာရင်းအရ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်က ဒုက္ခသည်အများဆုံး ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ဒါအပြင် အစိုးရအုပ်စု ဂိုဏ်းများကွဲနေတဲ့ Afghanistan ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေ မတည်ငြိမ်ဘဲ ရင်တမမ နေနေရပြီး မသွားသင့်တာကြောင့် ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာပါတော့တယ်။

https://s9.kh1.co/__image/w=650,h=342,q=100/96/96f206795ab9e2fe42a714ee546b17b1a43e10be.jpg

၂။ Central African Republic

ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံထဲက ပဉ္စမမြောက်နိုင်ငံဖြစ်တဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ နိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကိုက ဆင်းရဲမွဲတေလျက် ရှိပါတယ်။ ၁၉၆၀ ခုနှစ်မှာ ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ပိုင်းကတည်းက ဆက်တိုက် မတည်ငြိမ် ၊ မတိုးတက်ဖြစ်ခဲ့တဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ စိန် ၊ ရွှေ ၊ ရေနံ နဲ့ ရေနီယံများ ကြွယ်ဝစွာရှိတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အချင်းချင်းပင် စည်းလုံးညီညွတ်မှု မရှိပဲ အာဏာလုနေကြတာကြောင့် အမြဲတစေ မတည်ငြိမ် အကြမ်းဖက်မှုများ ဖြစ်နေတဲ့ Central African Republic နိုင်ငံဟာ ‌မြင့်မားလှတဲ့ တောတောင် ၊ ရေပြင် ၊ ‌ပင်လယ် ၊မြစ်ချောင်း‌ နဲ့ သဘာဝသယံဇာတပစ္စည်းများ ‌ကြွယ်ဝပြီး ပြည်သူများဆင်းရဲနေတာ ဝမ်းနည်းဖွယ်ပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုတွေကြောင့် ပစ္စည်းခိုးမှု ၊ လုယက်မှု ၊ လူသတ်မှု ၊ ပြန်ပေးဆွဲမှု ၊ အိမ်တွင်းဖောက်မှု ၊ မတရားဖမ်းဆီးမှု ၊ သေနတ်ပစ်ခတ်မှု စတဲ့ အကြမ်းဖက် ရာဇဝတ်မှု များစွာ ရှိပြီး လုံခြုံရေးအတွက် သက်ဆိုင်ရာကလည်း အပြည့်အဝ တာဝန်မယူနိုင်တာကြောင့် ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး နိုင်ငံတစ်ခု အပါအဝင် ဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/07/07ed47384b89daf90550778e66e3476dc3c04534.jpg

၃။ Iraq

အနောက်အာရှနိုင်ငံ တစ်နိုင်ငံ ဖြစ်တြဲ တရားဝင် အီရတ်သမ္မတနိုင်ငံဟာ လူဦးရေ ၄၆ သန်းကျော် ရှိပြီး ၃၁ ခုမြောက် လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါအပြင် ၄၃၇၀၇၂ ကီလိုမီတာ ( ၁၆၈၇၅၄ စတုရန်းမိုင် ) ကျယ်ဝန်းပြီး ကမ္ဘာပေါ်က ၅၈ ခုမြောက် အကြီးဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပ့တယ်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းအထိမှာ အီရတ်နိုင်ငံဟာ ကမ္ဘာပေါ်က အကျော်ကြားဆုံး ခရီးသွားနေရာများထဲက တစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံရဲ့ သမိုင်းဝင် ဘာသာရေး ၊ ဘုရားစေတီများ နဲ့ မီတာ ၃၅၀၀ မြင့်တဲ့ တောင်တန်းများ ၊ ခံစားမှု တစ်မျိုးပေးစွမ်းနိုင်တဲ့ သဲကန္တရတို့ကြောင့် နိုင်ငံရပ်ခြား ခရီးသွားတို့ရဲ့ ပျော်မွေ့ရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံအစိုးရအဖွဲ့တို့ မတည်ငြိမ်မှု ၊ ခေါင်းဆောင်ကွဲမှု ၊ ပုန်ကန်မှု‌တို့ကြောင့် နိုင်ငံ လုံခြုံရေး မငြိမ်မသက်ဖြစ်ကာ အီရတ်ပြည်သူပြည်သားတို့ ‌ဆင်းရဲမွဲတေမှုနဲ့ ကြုံလာရခဲ့ပါတယ်။ အကြမ်းဖက်သမားတို့ရဲ့ လက်နက်ကိုင်ပဋိပက္ခ ၊ ပြန်ပေးဆွဲမှုတို့ များစွာ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ မတည်ငြိမ်သေးတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d0/d0bfbe6ec41b4594a09540b142f102143b9ec211.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T