Colubrid မြွေမျိုးစိတ်က တစ်ခုတည်းကျန်တဲ့ သက်တံ့မြွေက အဆိပ်ရှိလား

//s9.kh1.co/16/16ab6b34eb8d9ead09469260e678fd0284ed301a.jpg
MPT

 ၃၀-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂၁ ရက် က

Colubrid မြွေမျိုးစိတ်က တစ်ခုတည်းကျန်တဲ့ သက်တံ့မြွေက အဆိပ်ရှိလား

သက်တံ့မြွေလို့ လူသိများတဲ့ Farancia erytrogramma ဟာ ကြီးမားတဲ့ ‌အကောင်ကြီး colubrid မျိုးစိတ် နှစ်ခုထဲကတစ်မျိုးဖြစ်ပြီး ကျန် colubrid မြွေမျိုးစိတ်တစ်မျိုးကတော့ မျိုးသုန်းပျောက်ကွယ်သွားပြီပဲ ဖြစ်ပါတယ်။ ဦးချိုမြွေ ၊ ကြိုးနီမြွေ ၊ သဲမြွေ လို့လည်း ခေါ်ကြပြီး အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းက ကမ်းရိုးတမ်းလွင်ပြင်တွေမှာ အစုလိုက်အပြုံလိုက် တွေ့ရတတ်ပါတယ်။ သက်တံ့မြွေတွေဟာ အနီရောင် အစင်းသုံးစင်း ပါဝင်ပြီး ကျောပြင်မှာ နက်ပြာရောင် ရောင်ပြန်အကြေးခွံ့များပါရှိပြီး ချောမွေ့တောက်ပတဲ့ အသွင်အပြင် ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/30/307fea598449c160100ffcb51c2337a0d7a10597.jpg

အများအားဖြင့် ဦးခေါင်းထိပ်မှ အမြီးအထိ စုစုပေါင်းအရှည် ၃၆ မှ ၄၈ လက်မ ( ၉၁ မှ ၁၂၂ စင်တီမီတာ ) အထိ ကြီးထွား‌လေ့ရှိပြီး မှတ်တမ်းတစ်ခုက သက်တံ့မြွေတစ်ကောင်ရဲ့ စုစုပေါင်းအရှည်ဟာ ၆၆ လက်မ ( ၁၆၈ စင်တီမီတာ ) ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ သက်တံ့မြွေ အမတွေဟာ အထီးတွေထက် အကောင်အရွယ်အစား ပိုကြီးတတ်ပြီး ငါးရှဉ့်ကို အဓိက စားသုံးကြပါတယ်။ ငါး တီကောင် ၊ ဖား ၊ ပုတ်သင်ကောင် တို့ကိုလည်း စားသုံးနိုင်ကြပြီး သားကောင်းကို ဦးခေါင်းမှ မျိုချလေ့ ရှိပါတယ်။ ဒီမြွေတွေဟာ သူတို့ရဲ့ ဘဝသက်တမ်းတော်တော်များများကို ရေထဲမှာ ကုန်ဆုံးလေ့ရှိပြီး ရေနေအပင် တွေနဲ့ ပုန်းကွယ်ကာ တိတ်တဆိတ် နေတတ်ကြတဲ့ အဆိပ်လုံးဝမရှိတဲ့ မြွေ‌မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/28/28fbc32976b387f9935eb901545cd8c2ad96e75f.jpg

ရေကူးမြန်တဲ့ သက်တံ့မြွေတွေဟာ ရန်သူ့ရန်ကို ကာကွယ်ဖို့အတွက် တစ်ခါတစ်ရံ ရွှံ့ နဲ့ သဲ အတွင်းမှာ မြှုပ်ပြီး နေထိုင်‌ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ သက်တံ့မြွေတွေဟာ အများအားဖြင့် ဇူလိုင်လမှာ ဥ ဥ လေ့ ရှိပြီး တစ်ခါသားပေါက်ရင် ဥ ၂၀ ဝန်းကျင် မှ ၅၀ ကျော်အထိ ပေါက်နိုင်ကြပါတယ်။ ပုန်းကွယ်နေတတ်တဲ့ သက်တံ့မြွေတို့ရဲ့ ဘဝသက်တမ်းအတိအကျကို မသိ‌ရသေးပေမယ့် ၎င်းနဲ့ မျိုးစုတူ ရွှံ့မြွေကတော့ တောရိုင်းထဲမှာ ၁၉ နှစ်အထိ နေထိုင်နိုင်တာ‌ကြောင့် သက်တံ့မြွေလည်း သူ့နီးပါး ရှင်သန်နိုင်တယ်လို့ ယူဆရပါတယ်။ အမေရိကန်ပြည်ထောင်စုက အရှားပါးဆုံး မြွေမျိုးစိတ်ထဲက တစ်မျိုး ဖြစ်ပြီး ၁၉၄၉ မှ ၁၉၅၂ ခုနှစ်အထိ နမူနာ ၃ ခုသာ တွေ့ခဲ့ရတဲ့ သက်တံ့မြွေတွေကို စနစ်တကျ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T