ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနကိအားပေးချစ်ခင်မှုတွေကို ရရှိထားကြတဲ့ သရုပ်ဆောင်မင်းသားချောတွေထဲမှာ လင်းမြတ်ကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းသလို ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့ ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေ အများရရှိထားသူလည်း ဖြစ်ပြီး ဇာတ်ကားတွေတော်တော်များများ ရိုက်ပူးနေသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Lynn Myat's Fb Account
Photo Credit - Lynn Myat's Fb Account

မင်းသားချောလင်းမြတ်ကတော့ လတ်တလော Covid ကာလ Stay Home အချိန်မှာ အနုပညာအလုပ်တွေ ရပ်နားထားတဲ့အကြောင်းလေးတွေနဲ့ သွေးလှူဖြစ်တဲ့ အကြောင်းလေးတွေ ပြောပြလာပါတယ်နော်..။

သွေးလှူရင် လိုအပ်တာလေးတွေနဲ့ လုပ်ဆောင်ရမယ့် အသေးစိတ်အချက်အလက်လေးတွေကိုလည်း လင်းမြတ်က ပရိသတ်တွေအတွက်လည်း ဝေမျှပြောပြထားပါသေးတယ်..။

Photo Credit - Lynn Myat's Fb Account
Photo Credit - Lynn Myat's Fb Account

"ကျွန်တော်ကတော့ လတ်တလောမှာ ငွေရေးကြေးရေး သိပ်အဆင်မပြေဘူး အလုပ်တွေလည်း အကုန်ရပ်ထားရတာဆိုတော့ သွေးလှူတာလောက်ပဲ လုပ်ဖြစ်တယ် သွေးလှူတဲ့ Vlog လေးတောင် ရိုက်ထားပါသေးတယ် ကျွန်တော့်ဝေါပေါ်မှာ အသေးစိတ်အချက်အလက်လေးတွေလည်း တင်ထားတယ် ဘယ်လိုလှူရတယ် ဘာတွေစ်ဆေးတယ် ဘယ်လိုဆိုလှူလို့ရတယ် ဘယ်လိုဆိုလှူလို့ မရဘူးလဲဆိုတာ ပြောပြထားပါတယ်.." ဆိုပြီး ပြောပြထားတာပါ..။

သွေးလှူတဲ့အကြောင်းလေး ပြောပြရင်စ အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြထားတဲ့ လင်းမြတ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Lynn Myat's Fb Account
Photo Credit - Lynn Myat's Fb Account

Photo Credit - Lynn Myat's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။