တောင်ကိုရီးယားမင်းသား Kim Seung-soo ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ဂျူမုံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ Kim Seung-soo က ရုပ်ရှင်ဇာတ်လမ်းတွဲ စုစုပေါင်း ၄၂ ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသားကြီး Kim Seung-soo က လက်ရှိအချိန်အထိ သရုပ်ဆောင် အလုပ်တွေထဲမှာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်ဆဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Kim Seung-soo က လက်ရှိမှာ အသက် ၅၁ နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်လည်း မပြုရသေးပါဘူး။
Kim Seung-soo ရဲ့ မကြာသေးမီက ဓာတ်ပုံဟာဆိုရင်လည်း လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ Kim Seung-soo က မျက်နှာတော်တော် ကျသွားပြီး ခန္ဓာကိုယ်ကလည်း အရင်ကထက်ပိုပြီး ပိန်သွယ်သွားတာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။
တချို့ပရိသတ်တွေကလည်း Kim Seung-soo မျက်နှာကျသွားတဲ့အကြောင်းအရင်းက အလုပ်တွေ အရမ်းများပြီး ဖိစီးမှုများနေတာကြောင့်လို့ ဆိုကြပါတယ်။
တစ်ခေတ်တစ်ခါက ပရိသတ်တွေကြား လူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားမင်းသား Kim Seung-soo ရဲ့ လက်ရှိ ပုံရိပ်လေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။