Squid Game ဇာတ်လမ်းတွဲနဲ့ နာမည်ရလာတဲ့ မင်းသမီးလေးကတော့ ဂျန်ဟိုယွန် ဖြစ်ပါတယ်။ သူမဟာ အသက် ၂၇ နှစ် ရှိပြီဖြစ်ပြီး ပထမဆုံး ရိုက်တဲ့ Squid Game မှာတင် ကမ္ဘာအနှံ့က ပရိသတ်တွေ အားပေးတာ ခံခဲ့ရတာပါ။ ကောင်မလေးက တကယ်တော်တာနော်။
ဒါဟာ သူမရဲ့ ပထမဆုံး အနုပညာ လှုပ်ရှားမှုတော့ မဟုတ်ပါဘူး။ သူမဟာ မော်ဒယ်လောကကို ဝင်ရောက်ခဲ့တာတော့ ကြာပါပြီ။ ၂၀၁၃ ခုနှစ်မှာ ကိုရီးယား Next Top မော်ဒယ်ပြိုင်ပွဲ ဝင်ပြိုင်ရင်း စပြီး ကျော်ကြားလာတာပါ။
အဲဒီနောက် ကမ္ဘာ့မော်ဒယ်လောကကို ထိုးဖောက်လာတာပါ။ သူမရဲ့ အနီရောင်ဆံနွယ်ရှည်တွေက မော်ဒယ်လောကမှာ အရမ်း နာမည်ကြီးခဲ့တယ်လို့ သိရပါတယ်။
မကြာသေးမီက ဗြိတိန်မဂ္ဂဇင်း i-D က သူမရဲ့ ဘဝအကြောင်း အင်တာဗျူး လုပ်ခဲ့ပါတယ်။ ငယ်ဘဝအကြောင်း ပြောရင်းနဲ့ သူမ ငယ်စဥ်က ဘယ်ကေပေါ့အဖွဲ့တွေအကြောင်း ကြိုက်လဲဆိုတာကို ပြောပြခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကတော့...
2NE1
Girls' Generation နဲ့
Bigbang တို့ပဲ ဖြစ်ပါတယ်။
သူမက ဆက်လက်ပြီး "အဲဒီအချိန်တုန်းက သူတို့သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာ။ သူတို့ကို မကြိုက်တဲ့သူ မရှိဘူး" လို့ ဖြေကြားခဲ့ပါတယ်။ တကယ်လည်း ကေပေါ့လောကရဲ့ ပထမဆုံးမျိုးဆက် အဖွဲ့တွေထဲမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့ အဖွဲ့တွေပါပဲ။
Ref : https://www.soompi.com/article/1514953wpp/squid-game-star-jung-ho-yeon-reveals-her-favorite-k-pop-groups