ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ Music Video တွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပိုမိုလူသိများလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် မြတ်ရတနာကျော် က ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေး ကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ​ချောမောနေသူလေးပဲဖြစ်ပါတယ်။

Photo Credit - Sai Kaung Htet (photography )
Photo Credit - Sai Kaung Htet (photography )

လက်ရှိမှာတော့ မြတ်ရတနာကျော်ဟာ တေးသံရှင် အာဘွိုင်းနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ သူမဟာ မကြာခဏဆိုသလို အလှပုံလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက်လည်း ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း မြတ်ရတနာကျော်က မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Sai Kaung Htet (photography )
Photo Credit - Sai Kaung Htet (photography )

ဒီပုံလေးတွေထဲမှာတော့ မြတ်ရတနာကျော်က လှပတဲ့ သဘာဝအလှတရားတွေကို နောက်ခံထားပြီး ချစ်စရာအမူအရာ လေးတွေနဲ့ ပို့စ်ပေးဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဖက်ရှင်ဝတ်စုံလေးကလည်း ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်မှုရှိတာတွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းနေတဲ့ မြတ်ရတနာကျော်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Sai Kaung Htet (photography )

Source - Myat Yadanar Kyaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။