အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အတူ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ သူကတော့ မင်းသားဝေဠုကျော်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး ကာလမှာတော့ ပိုးတွေ့လူနာတွေအပြင် ပို့တွေ့တဲ့သူတွေနဲ့ ထိစပ်တဲ့ သူတွေကို လူနာတင်ယာဥ်တွေနဲ့ သယ်ယူပိုဆောင်ပေးပြီး နေ့မနားညမနား လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw Foundation Page
Photo Credit - Wai Lu Kyaw Foundation Page

ယခုမှာဆိုရင် ဝေဠုကျော်က ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူတွေများလာလို့ PPE ဝတ်စုံ မလုံးလောက်တာကြောင့် သူ့ရဲ့ Wai Lu Kyaw Foundation Page မှာ တတ်နိုင်သလောက်လှူဒါန်းပေးဖို့ ရေးသားလာခဲ့ပါတယ်။ " အလှူခံပါတယ်...မနေ့ကဆို P+ ထိစပ် လမ်းကြောင်း ၃၇ ကြောင်းတောင်သယ်ရပါတယ်....ရန်ကုန်မြို့ကြီးမှာ ပိုးတွေ့လူနာတွေများလာတာနဲ့အမျှ လူနာတင်ကားတွေ အခေါက်ပေါင်းများစွာ သယ်ဆောင်နေရသလို ကျွန်တော်တို့လို ပရဟိတသမားတွေလဲ PPE မချွတ်စတမ်း လမ်းကြောင်းများစွာ ထွက် သယ်နေရတာကြောင့် PPE ကအစ ကာကွယ်ရေးပစ္စည်းတွေ လိုလာပါတယ်...

Photo Credit - Wai Lu Kyaw Foundation Page
Photo Credit - Wai Lu Kyaw Foundation Page

ကာကွယ်ရေးပစ္စည်းတွေကလဲ အားလုံးတစ်ခါသုံးမို့ တစ်နေ့တစ်နေ့ အခုပေါင်းများစွာ လိုအပ်နေတာပါ...တိုင်းကျမ်းမာရေးက ထောက်ပံ့နေပေမယ့် ပစ္စည်းပြတ်သွားတဲ့အခါ ကျွန်တော်တို့ ရှာဖွေ ထုတ်သုံးရပါတယ်...အခုလဲ PPE လိုလာပြန်ပါပြီ PPE တစ်ထည် ၁၄၀၀၀ လောက်ရှိပြီး ပစ္စည်းစုံဆို N95အပါ တစ်စုံ ဆို ၂၅၀၀၀ လောက်ရှိပါတယ်.....နောက်ဆက်တွဲလိုအပ်ပစ္စည်းများကတော့ ကားနဲ့ လူတွေ ဖြန်းဖို့ လက်သန့်ဆေးရည်၊ အရက်ပျံ၊ ပိုးသတ်ဆေး တို့လဲ လိုပါသေးတယ်.....ရန်ကုန်မြို့ကြီးကို COVID ကပ်ဆိုးက ဝိုင်းဝန်းကာကွယ် ထိန်းချုပ်ရန်အတွက် နည်းများမဆို အကောင့်ထဲကိုထည့်ဝင်လှူဒါန်းပေးကြပါအုံးခင်ဗျာ..." ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Photo Credit - Wai Lu Kyaw Foundation Page
Photo Credit - Wai Lu Kyaw Foundation Page

Photo Credit - Wai Lu Kyaw Foundation Page

Source - Wai Lu Kyaw Foundation Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။