လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး အကူအညီလိုအပ်နေသူတွေကို ကူညီပေးလေ့ရှိပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းဟာ ယခုမှာတော့ သီလရှင်ကျောင်းတိုက်တွေများစွာကို အခြေခံစားသောက်ကုန်ပစ္စည်းတွေ ထပ်မံသွားရောက်လှူဒါန်းခဲ့ပါတယ်။

Photo Credit: htwe lynn ko ' s Facebook Acc
Photo Credit: htwe lynn ko ' s Facebook Acc

လင်းလင်းကတော့ " သီလရှင်ကျောင်းများသို့ထပ်မံလှူဒါန်းခြင်း နှင့်ဗဟိုအမျိုးသမီး ဆေးရုံသို့ လှူဒါန်းခြင်းခေတ်သစ်ဖောင်ဒေးရှင်းနှင့် Clean Yangon တို့ပူးပေါင်းလှူဒါန်းမည့် ရန်ကုန်မြို့တွင်းရှိ သီလရှင်စာသင်တိုက် (၂၅) တိုက် အနက် ယနေ့မှာတော့သီရိရတနာ စာသင်ကျောင်းပညာသိဂီ သီလရှင်ကျောင်းသဟပုညကာရီ သီလရှင်ကျောင်းဗုဒ္ဓမီတာအောင်လံ သီလရှင်စာသင်တိုက်ချမ်းသာအောင် သီလရှင်သင်ပညာရေးကျောင်းယောကျောင်းအလင်းရောင် သီလရှင်ကျောင်းပသန္နစာရီ သီလရှင်ကျောင်းရတနာသိဒ္ဓိ သီလရှင်စာသင်တိုက်ဓမ္မအလင်းရောင် စာသင်တိုက် "ဆိုပြီးရေးသားထားပါတယ်။

Photo Credit: htwe lynn ko ' s Facebook Acc
Photo Credit: htwe lynn ko ' s Facebook Acc

လင်းလင်းကတော့ " မေတ္တာရံသီ သီလရှင်စာသင်တိုက်စိတ္တသုခ ဆရာလေးများကျောင်းစန္ဒာရာမ ကျောင်းတိုက်တို့အား တစ်ကျောင်းလျှင်ကာလတန်ဖိုး (၃) သိန်းကျော်တန်ဖိုးရှိဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်အဖြူ/အနီ၊ ကြက်ဥ၊ ငပိကြော်၊ မုန့်မျိုးစုံ နှင့် Mask များအား သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ကြပါတယ်။(၇) ရက်သားသမီးစေတနာရှင်များ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source:  htwe lynn ko ' s Facebook Acc

Photo Credit: htwe lynn ko ' s Facebook Acc
Photo Credit: htwe lynn ko ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။