ပရိသတ်ကြီးရေ.......သရုပ်ဆောင် မင်းသားချောလေး နက္ခတ်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်နော်.....။ သူဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး "ထာ၀ရမန္တလေး၊ အရိပ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်" စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိထားတာပဲဖြစ်ပါတယ်နော်။

Photo credit-Nat Khat's Facebook acc
Photo credit-Nat Khat's Facebook acc

နက္ခတ်က လက်ရှိမှာလည်း Photo Shooting လေးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ နက္ခတ်ဟာ ‌ရိုးရိုးအေးအေးနေတတ်တဲ့သူလေးဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေးကိုလည်း ပရိသတ်တွေကိုအလင်းပြပြီး နှစ်ယောက်သားကြည်နူးစရာ relationshipတစ်ခုကိုတည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ်နော်.....။

Photo credit-Nat Khat's Facebook acc
Photo credit-Nat Khat's Facebook acc

မကြာသေးမီကတော့ နက္ခတ်ဟာ သူ့ရဲ့Facebookစာမျက်နှာမှာ အောက်တိုဘာ လရဲ့ အစ ကိုယ့်ရဲ့ မွေးလလေးမှာ မိုးပျံ ပူဖောင်းလေးတွေကို ကောင်းကင်ပေါ် လွှင့်ပြီး ဆုတောင်းလိုက်တယ် ကမ္ဘာကြီးမှာ ရောဂါတွေ ကင်းစင်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ နေ့ရက်လေးတွေ အမြန်ဆုံး ပြန်ပိုင်ဆိုင်နိုင်ရပါစေလို့" ဆိုပြီးရေးသားထားပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nat Khat's Facebook acc
Photo credit-Nat Khat's Facebook acc

Source-Nat Khat's Facebook acc

Photo credit-Nat Khat's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။