မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုသုံးဆုတိတိကိုဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ် ။ အလုပ်နဲ့ပတ်သက်ရင်လည်း အာရုံစိုက်ပြီး လုပ်ကိုင်တတ်တဲ့ ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာနဲ့ Photo Shooting တွေပါ မနားတမ်း ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Phway Phway's FB Page & Amazing Grace
Photo Credit-Phway Phway's FB Page & Amazing Grace
Photo Credit-Phway Phway's FB Page

ဖွေးစိန်လေးက အခုအချိန်မှာ မသိသူမရှိလောက်အောင် အောင်မြင်မှုရရှိနေပေမယ့်လည်း မာန်မာနကင်းပြီး အားလုံးကိုဖော်ဖော်ရွေရွေဆက်ဆံလေ့ရှိတာဖြစ်ပါတယ် ။ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တဲ့ ဖွေးစိန်လေးက အမြဲတမ်းဆယ်ကျော်သက်လေးလို နုပျိုလှပနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ဖွေးစိန်လေးက သူမရဲ့ကျန်းမာရေးနဲ့ အလှအပအတွက် အားကစားလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်လေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page Story

အခုလည်း ဖွေးစိန်လေးက ကြိုးစားပမ်းစား လေ့ကျင့်ခန်းလုပ်ရင်း အမိုက်စားဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဖြူဖွေးဝင်းဥတဲ့အသားအရေပိုင်ရှင်လေး ဖွေးဖွေးက ရင်ခုန်စွဲမက်ဖွယ်ရာ အလှတရားတွေနဲ့အတူ ညှို့အားပြင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phway Phway's FB Page Story  

Photo Credit-Phway Phway's FB Page Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။