ပရိသတ်ကြီးရေ.. ပြည်သူချစ်မင်းသမီးချော နန္ဒာလှိုင်ကတော့ Covid ရောဂါကူးစက်မှုတွေကြောင့် နေအိမ်မှာပဲ Qဝင်နေပြီး သူမရဲ့ မောင်လေးဖြစ်သူ သရုပ်ဆောင်မောင်နဲ့ အခြားမိသားစုဝင်တွေဟာ နေရာအသီးသီးမှာ Qဝင်နေရတာကို ပရိသတ်ကြီး သိရှိပြီး ဖြစ်မှာပါနော်..။

သရုပ်ဆောင်မောင်ဟာ Positive လူနာအဖြစ် လက်ရှိမှာတော့ ဧရာဝတီစင်တာမှာ Qဝင်ကာ ကုသမှုတွေခံယူနေပြီး စိတ်ပူပေးနေကြတဲ့ ပရိသတ်တွေကိုလည်း သူတို့ရဲ့ကျန်းမာရေးအခြေအနေလေးတွေကို အမြဲအသိပေးပြောပြပေးကြပါတယ်နော်..။

Photo Credit - Nandar Hlaing's Fb Account
Photo Credit - SEIN PHYO & Yi's Fb Page

မောင်ကတော့ သူကိုယ်တိုင်ဆေးကုသမှုခံယူနေရတဲ့ Positive လူနာဖြစ်ပေမယ့်လည်း Qစင်တာမှာရှိနေတဲ့ လူနာအချင်းချင်း ဖေးမကူညီမှုလေးတွေနဲ့ ပြန်လည်ပြီး ပြုစုစောင့်ရှောက်နေပါတယ်နော်..။

အခုလို တစ်ဖက်တစ်လမ်းကနေ လူနာအချင်းချင်း ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတဲ့အကြောင်းကိုလည်း မောင်က သပုံရိပ်လေးတွေကို ဝေမျှရင်း ပြောပြထားတာပါ..။

Photo Credit - SEIN PHYO & Yi's Fb Page
Photo Credit - SEIN PHYO & Yi's Fb Page

"ကျွန်တော်က အထဲရောက်ပြီးသားလူနာဖြစ်နေတဲ့အခါကျ PPE ဝတ်စရာမလိုဘဲ လူနာအချင်းချင်း ကြည့်ပေးလို့ရတာပေါ့ဗျာ ..

ဘာပဲဖြစ်ဖြစ်ကူညီခွင့်ရတာကိုပဲ ဝမ်းသာမိပါတယ်..

( ပုံပို့ပေးတဲ့ညီလေးလည်း ကျေးဇူးပါ..အမှတ်တရဖြစ်သွားတာပေါ့)

SPH. ." ဆိုပြီး ရေးသားပြောပြထားတာပါ..။

ကိုယ်တိုင်က ကုသမှုခံယူနေရတဲ့ လူနာဖြစ်ပေမယ့်လည်း ပြန်လည်ကူညီစောင့်ရှောက်နေတဲ့ သရုပ်ဆောင်မောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - SEIN PHYO & Yi's Fb Page
Photo Credit - SEIN PHYO & Yi's Fb Page

Source & Photo Credit - SEIN PHYO & Yi's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။