ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာလောကထဲမှာ လူသိများ အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ယွန်းယွန်းကတော့ ယနေ့အချိန်ထိတိုင် အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် အပျိုလေးဖြစ်တဲ့ ယွန်းယွန်းက ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။

Photo credit - Lyan Phonn Kywe

ရှည်လျားလှပတဲ့ ဆံနွယ်ရှည်လေးတွေနဲ့ သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာ အချိုးအစားကြောင့် မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတာကိုလည်း တွေ့ရပါတယ် ။ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာ ရရှိထားပြီး မိဘအပေါ်သိတတ်တဲ့ ယွန်းယွန်းက ပညာရေးဘက်မှာလည်း ထူးချွန်သူလေးပါနော်။ လက်ရှိအချိန်မှာတော့ ကပ်ရောဂါတိုက်ဖျက်ရေးကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုလေးတွေကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုနဲ့အတူ နားနားနေနေ နေထိုင်နေတာပဲ ဖြစ်ပါတယ် ။

Photo credit - Lyan Phonn Kywe

ယနေ့မှာတော့ အိမ်နေရင်း လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံရိပ်အလှလေးတွေကို တင်ပေးလာတာပါ။ ကြည်လင်ဝင်းပတဲ့ သူမရဲ့ အသားအရည်လေးကို ပေါ်လွင်စေတဲ့ အမိုက်စားဖက်ရှင်လေးနဲ့ ဂစ်တာလေးကို ပိုက်ကာ ရိုးရှင်းတဲ့ ပိုစ့်တွေနဲ့ ဓာတ်ဖမ်းနေခဲ့တာဖြစ်ပြီး " ကြိုးတော့ညှိတတ်ပြီ ဘာဆက်လုပ်မရလဲမသိဘူး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။ 

Photo credit - Lyan Phonn Kywe
Photo credit - Lyan Phonn Kywe

Photo credit - Lyan Phonn Kywe

Source - Yoon Yoon's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။