မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

photo credit: nann myat phyo thinn 's facebook acc
photo credit: nann myat phyo thinn 's facebook acc

သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်မိသားစုလေးဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ချပြလေ့ရှိပါတယ်။သူမရဲ့ သားလေးကတော့ ယခုမှာ အိမ်ထဲမှာပဲအမြဲနေရလို့ ပျင်းနေပြီး အိမ်အပြင်ထွက်ချင်တာကြောင့် ဂျီကျကာ ငိုနေခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ နန်းမြတ်ဖြိုးသင်းသားလေးရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

photo credit: nann myat phyo thinn 's facebook acc
photo credit: nann myat phyo thinn 's facebook acc

သူမကတော့ " ညနေကခြံပြင်မှာလမ်းလျှောက်ချင်လို့တဲ့ဂျီကျနေတာ "ဆိုပြီး သားလေးရဲ့ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းသားလေးရဲ့ အိမ်ပြင်ထွက်ချင်လို့ ဂျီကျနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : nann myat phyo thinn 's facebook acc 

photo credit: nann myat phyo thinn 's facebook acc
photo credit: nann myat phyo thinn 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။