ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်လောကမှာ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရပြီး ဘယ်လိုဇာတ်ရုပ်တွေမဆို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကိုခဏတာရပ်နားထားခဲ့ရပါတယ်။

ဝတ်မှုံရွှေရည်ဟာ ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးတွေအပြင် တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ပရိသတ်တွေအလွမ်းပြေအောင် အိမ်မှာနေရင်း live လွှင့်ခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ဝတ်မှုံရွှေရည်က ပရိသတ်တွေနဲ့ တရင်းတနှီးစကားတွေပြောကာ ကျန်းမာရေးအတွက်လည်း စိတ်ပူတယ်ဆိုပြီး စိတ်သဘောထားပြည့်ပြည့်နဲ့ ပြောထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့ စကားပြောနေတဲ့ ပုံစံလေးကလည်း အသည်းယားစရာကောင်းလောက်ပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အသည်းယားစရာအမူအရာလေးတွေနဲ့ live လွှင့်ပြီး ပရိသတ်တွေနဲ့ အလွမ်းဖြေခဲ့တဲ့ ဝတ်မှုံရွှေရည်ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Wutt Hmone Shwe Yi fb page

Source - Wutt Hmone Shwe Yi fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။