မခိုင်လေးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောခိုင်သင်းကြည်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ရယူပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ် ။ သဘာဝကျပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ရုပ်တိုင်းကို အသက်ဝင်အောင် ဖန်တီးတတ်တဲ့ မခိုင်လေးက နှစ်ပေါင်းများစွာကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပါနော် ။ ပေါင်းသင်းဆက်ဆံရေးကောင်းသလို ပျော်ပျော်လည်းနေတတ်တဲ့ မခိုင်လေးက လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

မခိုင်လေးက သူမချစ်ရတဲ့ခင်ပွန်း ကိုခန့်နိုင်နဲ့ထိမ်းမြားလက်ထပ်ပြီး သမီးချောလေးတစ်ယောက် ထွန်းကားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင် မခိုင်လေးရဲ့သမီးလေး စံထိပ်ထားဦးက ကြော်ငြာတွေရိုက်ကူးပြီး မိခင်ဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံနေပြီလည်း ဖြစ်ပါတယ် ။ သမီးလေးကိုအရမ်းချစ်တဲ့ မခိုင်လေးက အခုလို Stay Home ကာလမှာတော့ မိသားစုကိုအချိန်တွေပိုပေးရင်း ပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc
Photo Credit-Khine Thin Kyi's FB Acc

အခုလည်း မခိုင်လေးက သမီးလေးစံထိပ်ထားနဲ့အတူ ပျော်ပျော်ပါးပါး သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဆင်တူဖက်ရှင်လေးတွေဝတ်ဆင်ကာ ချစ်ဖို့ကောင်းနေကြတဲ့ မခိုင်လေးတို့သားအမိကတော့ သီချင်းတွေဆိုရင်း ချစ်ခင်ကြည်နူးနေကြတာပဲ ဖြစ်ပါတယ် ။ ကဲ အိမ်မှာနေရင်း ဂီတာတီးကာ သီချင်းဆိုနေကြတဲ့ မခိုင်လေးတို့သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-''KHINE THIN KYI'' FB Page 

Photo Credit-''KHINE THIN KYI'' FB Page
Photo Credit-Khine Thin Kyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။