ပရိသတ်ကြီးရေ.. ဂီတလောကမှာ သီချင်းတွေများစွာ ထွက်ရှိထားကာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ အပြည့်အဝရရှိထားသူတွေထဲမှာ အဆိုတော်ကျော်ကျော်နန္ဒကလည်း အပါအဝင်ပါပဲနော်..။

ကျော်ကျော်နန္ဒကတော့ သီချင်းလေးတွေ ထွက်ရှိထားသလို နောက်ထပ်ထွက်ရှိမယ့် သီချင်းအသစ်လေးဖြစ်တဲ့ မမဆောင်းနဲ့ ရိုက်ထားတဲ့ သီချင်း MTV လေးကို ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

Photo Credit - Kyaw Kyaw Nanda's Fb Account
Photo Credit - Kyaw Kyaw Nanda's Fb Account

နာမည်ကျော်ဝါရင့်အဆိုတော် တံတွေးစိုးအောင်ရဲ့ "ချစ်မိပြီ ဆရာမလေး" သီချင်းကို ကျော်ကျော်နန္ဒက ပြန်လည်သီဆိုထားတာဖြစ်ပြီး မမဆောင်းနဲ့အတူ MTV လေးရိုက်ကူးထားတာ ဖြစ်ပါတယ်နော်..။

အဆိုပါ သီချင်းလေးနဲ့ ပတ်သက်ပြီး အလွဲလေးတွေဖြစ်ခဲ့ရလို့ MTV လေးကို ပြန်လည်ရိုက်ကူးမယ့်အကြောင်းလေးနဲ့ ပရိသတ်တွေဝေဖန်နေကြတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Kyaw Kyaw Nanda's Fb Account
Photo Credit - Kyaw Kyaw Nanda's Fb Account

မမဆောင်းနဲ့ရိုက်ထားတဲ့ "ချစ်မိပြီ ဆရာမလေး" သီချင်း ဆရာတွံတေးစိုးအောင်ရဲ့ သီချင်းလေးကို ဆိုပြီးပါပြီ သီချင်းလေးလည်း ကြိုက်တယ် MTV ရိုက်တဲ့အခါ မမဆောင်းက အခုချိန်မှာ ပေါ်ဖြူလာဖြစ်နေတဲ့ မမဆောင်းပေါ့ သူ့ကို လူတွေက စိတ်ဝင်စားနေတဲ့အချိန် ကိုယ်ကလည်း ဘာလုပ်လုပ် အဆဲမလွတ်တဲ့လူ ဘယ်လောက်ကောင်းအောင်လုပ်လုပ် မဆဲ မလွတ်တဲ့လူထဲမှာ ပါနေတဲ့လူဖြစ်တဲ့အတွက် ရိုက်တဲ့ခါကျတော့ အပြင်မှာမြင်ဖူးနေတဲ့ဆရာမတွေကလည်း ဆရာမဝတ်စုံနဲ့ယဉ်ယဉ်ကျေးကျေးလေးလှနေကြတော့ ကိုယ်ကလည်း ဆရာမဝတ်စုံနဲ့ယဉ်ယဉ်ကျေးကျေးလေး လှရင်ပြီးရောဆိုပြီး ပြောလိုက်တော့ လက်ဇက်က လေးက အပေါ်ကို ရောက်နေတယ် ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ဆရာမဝတ်စုံက အောက်ကအစိမ်း အပေါ်ကအကျႌအဖြူ လက်ရှည်ဖြစ်နေတော့ ရိုက်တဲ့အချိန်မှာ နည်းနည်းလွဲသွားတယ် ကျွန်တော်ကိုယ်တိုင်ကလည်း အကောင်းဖြစ်အောင် ရိုက်ထားတယ် တကယ်လည်း တန်ဖိုးထားတယ် အဲ့ MTV ကို ပြန်ရိုက်မှာပါ မမဆောင်းနဲ့ပဲ ပြန်ရိုက်မှာပါ.."ဆိုပြီး ပြောပြထားတာပါ..။

သီချင်းပျက်ပါပြီလို့ ဝေဖန်နေကြတဲ့ ပတ်သက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားသေးတဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Nanda's Fb Account
Photo Credit - Kyaw Kyaw Nanda's Fb Account

Photo Credit - Kyaw Kyaw Nanda's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။