ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်းကောင်းတဲ့ MRTV-4 မင်းသမီးချောလေး မြတ်သူသူကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြမှာပါနော်..။

ပရိသတ်အချစ်တော်လေး မြတ်သူသူကတော့ လတ်တလော ဖြစ်ပွားနေတဲ့ Covid ရောဂါနဲ့ပတ်သက်ပြီး အိမ်မှာနေဖြစ်နေတဲ့ သူမရဲ့အကြောင်းလေးပြောပြရင်း ချစ်ရတဲ့ ပရိသတ်တွေကို အားပေးစကားလေးလည်း ဆိုထားပါတယ်နော်..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

လူတိုင်း အခက်အခဲနဲ့ကြုံနေရတာမို့ စိတ်ဓာတ်ကျ အားငယ်နေမှာထက် လုပ်သင့်လုပ်ထိုက်တဲ့ ကျန်းမာရေးစည်းကမ်းတွေကို လိုက်နာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေကြဖို့ ပြောပြထားတာပါ..။

"စိတ်ဓာတ်ကျအားငယ်နေရင် ဒီရောဂါကို မတွန်းလှန်နိုင်ဘူး ကျန်းမာအောင်နေမယ် ကိုယ်သိထားတဲ့ ဗဟုသုတတွေကို ကိုယ့်ပတ်ဝန်းကျင်ကို မျှဝေမယ် အဓိကကတော့ ကိုယ့်ကိုကိုယ်ကာကွယ်တာဟာ လူပေါင်းများစွာကို ကယ်တင်လိုက်တာနဲ့အတူတူပါပဲ ဒီချိန်မှာ အိမ်မှာနေပြီး ကျန်းမာအောင်နေကြပါ ဒီကာလကြီးပြီးသွားရင် အလုပ်တွေပြန်လုပ်ကြရတော့မယ်ဆိုတော့ အားရှိအောင်နေပါ.." ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

"ကူးစက်ရောဂါက အရမ်းမြန်တာကြောင့် ဒီဒဏ်ကို အနည်းနဲ့အများ ခံကြရဦးမှာပါပဲ အဲ့ဒါကြောင့် ဒီအချိန်မှာ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်နေတာမျိုး မလုပ်ဘဲနဲ့ ဖေးမပြီး ကိုယ့်ကိုကိုယ် ကာကွယ်မယ့် ကိုယ့်မိသားစုကို ကာကွယ်ပြီး နေရမယ်လို့ ထင်ပါတယ် အာလုံး ဖိုက်တင်းပါ.." ဆိုပြီးတော့လည်း အားပေးစကားလေးလည်း ဆိုထားပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် Stay Home နေပြီး ကျန်းမာအောင်နေကြဖို့ ပြောပြထားတဲ့ မင်းသမီးချောလေး မြတ်သူသူရဲ့ ဗီဒီယိုလေးကို ဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

Photo Credit - Myat Thu Thu's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။