ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး ချစ်စရာကောင်းသလို သဘာဝကျတဲ့ ဇာတ်ရုပ်လေးတွေကြောင့် ပရိသတ်တွေ အားပေးချစ်ခင်နေကြသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး မြတ်သူသူပဲ ဖြစ်ပါတယ်နော်..။

ပွင့်လင်းပြီး ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မြတ်သူသူကတော့ "တို့မမနဲ့ တို့"ဇာတ်ကားမှာလည်း သန်းသန်းဆွေအဖြစ် သရုပ်ဆောင်ထားတဲ့ သူမကို ပရိသတ်တွေ ချစ်ခင်ကြလို့ အရမ်းပျော်တဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

အစပိုင်းမှာ ဝေဖန်မှုတွေရှိပေမယ့် နောက်ပိုင်းမှာ အရမ်းချစ်ပေးကြပြီး ဇာတ်ကောင်နာမည်လေးကိုခေါ်ကာ အားပေးကြတဲ့ ချစ်ပရိသတ်တွေကြောင့် အရမ်းပျော်ရတဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။

"အားပေးနေကြတဲ့ ပရိသတ်တွေရှိတဲ့အတွက် အရမ်းပျော်တယ် ထင်တောင်မထင်ထားဘူး အစက ဝေဖန်ကြလိမ့်မယ်လို့ ထင်တာ အစက ဝေဖန်မှုတွေအရမ်းများတယ် ဘယ်လိုပုံစံကြီးဖြစ်သွားလဲဆိုပြီး တော်တော်များများဝေဖန်ကြတယ် ဒါပေမယ့်နောက်ပိုင်းမှာ ကြည့်ရင်းနဲ့ ဇာတ်ရဲ့ပုံစံကို နားလည်လာပြီးတော့ ပိုပြီး ချစ်ပေးကြတဲ့အတွက် အရမ်းပျော်ပါတယ်.." ဆိုပြီး ပထမအစပိုင်းတွေမှာ ဝေဖန်ကြပေမယ့် နောက်ပိုင်းမှာ အားပေးကြတဲ့အကြောင်းလေး ပြောပြထားတာပါ..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

"ဇာတ်ကောင်နာမည်ကို ခေါ်ပြီး အားပေးကြတဲ့အတွက် အရမ်းပျော်တယ် ချောလို့လှလို့ အားပေးတာမျိုးမဟုတ်ဘဲ ဇာတ်ကောင်အရာ မချောမလှဘဲ သဘာဝကျကျလေး ကြိုးစားထားတာကို အားပေးကြပြီး ချစ်ပေးကြလို့ အရမ်းပျော်ပါတယ်.." ဆိုပြီးတော့လည်း အားပေးပြီးချစ်ပေးကြတဲ့ ပရိသတ်တွေကြောက့် အရမ်းပျော်ရတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. တို့မမနဲ့ တို့ ဇာတ်ကားထဲက သန်းသန်းဆွေလေးကို ချစ်ပေးကြတဲ့ပရိသတ်တွေကြောင့် အရမ်းပျော်ရတဲ့အကြောင်း ပြောပြထားတဲ့ မြတ်သူသူရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Myat Thu Thu's Fb Account
Photo Credit - Myat Thu Thu's Fb Account

Photo Credit - Myat Thu Thu's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။