သရုပ်ဆောင်အိအိတုန်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေပါတယ်။

Photo Credit: Ei Tone ' s Facebook Acc
Photo Credit: Ei Tone ' s Facebook Acc

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ခင်ပွန်းသည်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ မိသားစုလေးကိုလည်း ဂရုစိုက်လျက်ရှိနေပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ချပြလေ့ရှိပါတယ်။သူမကတော့ ယခုမှာ အစားနဲ့ ပတ်သက်ပြီး သူမနဲ့တစ်ထေရာတည်းတူတဲ့သမီးလေးကို ကြည့်ကာ အချစ်ပိုနေခဲ့ပါတယ်။

Photo Credit: Ei Tone ' s Facebook Acc
Photo Credit: Ei Tone ' s Facebook Acc

သူမကတော့ "မေမေနဲ့တူတဲ့သမီးလေးအစားတစ်လိုင်းခုနှစ်ရက်သားသမီးအားလုံးပူပင်သောကကင်းဝေးကြပါစေဘေးဆိုးအန္တရာယ်ဆိုးကပ်ဆိုးရောဂါဆိုးများမှကင်းဝေးကြပါစေ "ဆိုပြီး သမီးလေးရဲ့  ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အိအိတုန်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Ei Tone ' s Facebook Acc

Photo Credit: Ei Tone ' s Facebook Acc
Photo Credit: Ei Tone ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။