ချစ်ရတဲ့ ပရိသတ်ကြီးရေ...အပြုံးချိုချိုလေးနဲ့ အေးချမ်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး ရိုးရှင်းတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားနိုင်တတ်တဲ့ သရုပ်ဆောင် မင်းသမီးလေးကတော့ ယုသန္တာတင်ပဲဖြစ်ပါတယ်နော်။ သူမဟာအနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားပြီးတော့ ပရိသတ် အားပေးမှုလည်း များစွာရရှိထားတာပဲ ဖြစ်ပါတယ်။

Photo credit - Yu Thandar Tin's Fb Account
Photo credit - Yu Thandar Tin's Fb Account

သူမကတော့မကြာခဏဆိုသလို ပြည်တွင်းပြည်ပခရီးစဉ်တွေ ထွက်ရတာ ဝါသနာပါသူလေးဖြစ်ပြီး လတ်တလောမှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလဖြစ်တာကြောင့် အိမ်မှာပဲ အေးဆေးအနားယူနေခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရိုးရှင်းတဲ့ ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo credit - Yu Thandar Tin's Fb Account
Photo credit - Yu Thandar Tin's Fb Account

သတင်းစာရွက်တွေကို နောက်ခံထားကာ အထာကျကျပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ သူမရဲ့ ပုံလေးတွေအပြင် " အပြင်ထွက်လို့ရအောင် မနက်ဖြန် သတင်းစာလိုက်ပို့မလား စဉ်းစားနေတာ ဘယ်လမ်းကို လာခဲ့ရမလဲ ယုကိုပြောကြည့် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Yu Thandar Tin's Fb Account
Photo credit - Yu Thandar Tin's Fb Account
Photo credit - Yu Thandar Tin's Fb Account

Photo credit - Yu Thandar Tin's Fb Account 

Source - Yu Thandar Tin's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။