ပရိသတ်ကြီးရေ အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအ၀င်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ယခုဆိုရင် ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးလေးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း ယခုဆိုရင် စကားလညး် တက်နေပြီး အသည်းယားစရာကောင်းလောက်အောင် အရမ်းကိုချစ်စရာကောင်းလာတာပါနော်.....။
ပိုးအိအိခန့်ဟာ သားလေးကိုအနီးကပ်ဂရုစိုက်တတ်တဲ့မိခင်ဖြစ်တာကြောင့် အနုပညာအလုပ်တွေကိုလည် းခဏရပ်နားထားခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့် ပရိတ်သတ်တွေကအချစ်မလျော့ကြပဲ သူမကိုရော သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြတာပါ။ ခင်ပွန်းဖြစ်သူအောင်သူဟာလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပြီး မိသားစုကိုအလေးထားတဲ့သူတစ်ဦးဖြစ်လို့ အများက လေးစားနေကြတာလည်းဖြစ်ပါတယ်......။
မကြာခဏဆိုသလို မိသားစုတွေချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိတဲ့ ပိုးအိအိခန့်က ယနေ့မှာတော့ သဲကိုးလေးနဲ့အတူ Liveလွှင့်စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလာတာပဲဖြစ်ပါတယ်။ ညဘက် မအိပ့်ပဲ ဂျီကျနေတဲ့ သဲကိုးလေးကို Emojiအလန်းလေးကို တပ်ကာ သားအမိတွေ ပရိသတ်မေးသမျှကို ဖြေနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။
Photo credit _ Poe Ei Ei Khant's FB account
Source_ Poe Ei Ei Khant's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။