ပရိသတ်ကြီးရေ မင်းသမီးချောလေး မုဏ်း ကတော့ အနုပညာလောကမှာ အချိန်အတိုးအတွင်း ယခုဆိုရင် နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ မင်းသမီးချောလေး မုဏ်းက MRTV -4 ရုပ်သံဇာတ်တွဲထဲကနေပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့မင်းသမီးချောလေး တစ်ဦးပဲဖြစ်ပါတယ်။ လတ်တလောမှာ မုဏ်းက ပရိသတ်တွေကို မတူညီတဲ့ပုံစံလေးတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ကို ချပြသွားပြဖို့ ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။

Photo Credit - မုဏ်း Facebook Page
Photo Credit - မုဏ်း Facebook Page

ယခုမှာဆိုရင်လည်း မင်းသမီးချောလေး မုဏ်းက လွတ်လပ်ပေါ့ပါးတဲ့အဝါရောင် ဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး သဘာဝအလှ တွေကို နောက်ခံထားကာ ချစ်စရာဟန်ပန်အမှုအရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးထဲမှာတော့ မင်းသမီးချောလေးမုဏ်းက ပကာသနတွေ မပါတဲ့ ပင်ကိုယ်အလှတရားတွေ နဲ့ ပရိသတ်တွေ ချစ်သက်ကြွေအောင် ညို့ယူဖမ်းစားလိုက်ပြန် ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့အတူဖွဲ့နွဲ့ပြီးစကားဆိုထားရာမှာတော့ " အဝါရောင်လေး ဝတ်ရင် ပိုချစ်မယ်ဆိုလို့ " ဆိုပြီး ချစ်စရာ Caption လေးတွေနဲ့ ရေးသားထားပါတယ် ။

Photo Credit - မုဏ်း Facebook Page
Photo Credit - မုဏ်း Facebook Page

ပရိသတ်ကြီးကလည်း မင်သမီးချောလေး မုဏ်း ကို အရင်ကထက်ပိုပြီး ချစ်ပေးပါဦးနော်....။ အနုပညာလမ်းကြောင်းမှာလည်း အခက်ခဲတွေမရှိပဲ အလွယ်တကူ လျှောက်လမ်းနိုင်ပါစေလို့ ပရိသတ်တွေနဲ့ အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကဲ...ချစ်ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ စိတ်သဘောထားပြည့်ဝပြီး ချစ်စရာအလွန်းကောင်းနေတဲ့ မုဏ်း ရဲ့ပုံရိပ် လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Photo Credit - မုဏ်း Facebook Page

Source - မုဏ်း Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။