ပရိသတ်ကြီးတို့ အားပေးဖို့ အသင့်စောင့်မျှော်နေတဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဒီဇင်ဘာ(၂၈)ရက်နေ့မှာ တစ်နိုင်ငံရုံတင်ပြသမှာဖြစ်ပြီး ပရိသတ်တွေရှေ့ကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်..။

လူငယ်ကျောင်းသား ဟာသကားလေးဖြစ်ပြီး ဇာတ်ကားရုံမတင်မီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပြီး လွှမ်းပိုင်နဲ့ Lik’Z တို့ သီဆိုထားကြတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းကလည်း လတ်တလောမှာ ရေပန်းစားပြီး လူကြီုက်များနေတာလည်း တွေ့ရပါတယ်နော်..

လွှမ်းပိုင် Lil Z တို့ရဲ့ “ပြောပါရစေ” ဆိုတဲ့ သီချင်းအသစ်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးလေးကိုတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offcial Page လေးကနေ ပရိသတ်တွေကို တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်..။

ဒီဇင်ဘာ ခရစ္စမတ်နဲ့ တိုက်ဆိုင်နေတာမို့ “ပြောပါရစေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးလေးကို လက်ဆောင်အဖြစ် တင်ပေးလိုက်တာဖြစ်ပြီး နာရီပိုင်းအတွင်း ကြည့်ရှု့သူများနေပြီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ ရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်နော်.

သီချင်းအေးအေးလေးနဲ့ ကောင်မလေးတစ်ယောက်ကို ချစ်တဲ့အကြောင်းလေး ရင်ဖွင့်ပြောပြထားတဲ့ “ပြောပါရစေ” ဆိုတဲ့ သီချင်းလေးကတော့ (၂၄)နာရီ မတိုင်မီ ဝင်ရောက်အားပေးကြည့်ရှု့သူ (၄)သိန်းကျော်ရှိနေပြီဖြစ်ကာ ပရိသတ်တွေကြား ရေပန်းစားနေတာပဲ ဖြစ်ပါတယ်..။

ဒီဇင်ဘာ(၂၈)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်အားပေးရင်း လတ်တလောမှာတော့ “ပြောပါရစေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးလေးကို နားဆင်နိုင်ဖို့အတွက် ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။