ဖုန်းတွေ ဖေ့စဘွတ်တွေ ခေတ်မစားသေးတဲ့ အချိန် online ပေါ်မှာထက် အပြင်သူတွေနှင့် ထိတွေ့မှုပိုများခဲ့တဲ့ အချိန် ကျောင်းတက်နေတုန်း အခွေတွေ အပြေးဝယ်က စာသားတွေ အလွတ်ကျက်ခဲ့တဲ့ အချိန်တွေကို စဉ်းစားမိရင် ဒီအဆိုတော် အဖွဲ့တွေက မပါမဖြစ်ပါ။ သူတို့ကြောင့် အနုပညာကို ချစ်မြတ်နိုးလာတဲ့ သူတွေအတွက်တော့ ပျောက်နေကြတဲ့ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေ ကို လွမ်းဆွတ်မိမှာ အသေအချာပါ။

ထိုသူတွေအတွက် ပြည်သူရင်ပြင် မှာ ရှိုးကျင်းပဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ၄ ရက်နေ့ ဖေဖော်ဝ်ရီ ၂၀၁၇ မှာ Examplez, TEENE, No, Acid, DJ Phyo, Kook, Two Big, 102.7fm တို့ပါဝင်ဖျော်ဖြေမယ်လို့သိရပါတယ်။ ဒီပွဲနှင့် ပတ်သက်ပြီး အဆိုတော် ဟဲလေးက ယခုလိုပြောထားပါရဲ့....

ကျွန်တော့်အိပ်မက်ထဲကတစ်ခုပဲ လွန်ခဲ့၁ဝနှစ်ကျော်ကတစ်စင်ထဲမှာဆိုခဲ့ကြခဲ့သူငယ်ချင်း

တွေ..တစ်စုတစ်စည်းတည်းပြန်ဆုံချင်တာရယ်..

ကျွန်တော့်တို့အားလုံးရဲ့ပရိတ်သတ်တွေပြန်ဆုံချင်တာရယ် ဖျော်ဖြေပွဲဆိုတာထက်..Gatheringလို့ပြောရင်ပိုမှန်လိမ့်

မယ်..ဒယ်ဒီတွေမာမီတွေအပျိုကြီးလူပျိုကြီးတွေ

ပြန်ဆုံကြရပြီပေါ့ဗျာ...ကျွန်တော့်စိတ်ကူးလေးကို

အကောင်အထည်ဖော်ပေးတဲ့..Nine Pကသူငယ်ချင်းတွေနဲ့ ကိုစိုး(ကိုအီကြာကွေး)ကိုကျေးဇူးအထူးတင်ပါတယ်. ပရိတ်သတ်တွေသူငယ်ချင်းတွေအားလုံးနဲ

ဖေဖော်ဝါရီလ၄ရက်နေ့.ပြည်သူ့ရင်ပြင်မှာဆုံကြရအောင်

နော်...၂ဝဝဝခုနှစ်ကိုခဏလောက်ပြန်သွားကြရအောင်' ဒီပွဲတော့ မဖြစ်မနေသွားရမှာ....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။