မြန်မာပေါကားများ ရပ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားကို အကယ်ဒမီများရှင်တွေကိုယ်တိုင်က ရိုက်ဦးမယ်တဲ့

ယခင်လက မြန်မာပေါကားများရပ်ဆိုတဲ့ event တစ်ခုပာာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook မှာ လူတော်တော်များများရဲ့ စိတ်ဝင်စားမှုခံခဲ့ရပါတယ်။မြန်မာကားတွေရဲ့ လိုအပ်ချက်တွေကိုပြောရင်း ဘာတွေပြင်ရမယ်၊ဘယ်လိုတွေ လုပ်သင့်နေပြီဆိုပြီး ပရိသတ်တွေတင်မက အနုပညာရှင်တွေ ကိုယ်တိုင်ကပါ ဝေဖန်သုံးသပ်လာခဲ့ပါတယ်။

များမကြာမီ ဒါရိုက်တာ မိုက်တီးရိုက်ကူးပြီး အကယ်ဒမီကျော်သူ၊အကယ်ဒမီ လူမင်း၊အကယ်ဒမီ ပြေတီဦး၊အကယ်ဒမီ အိန္ဒြာကျော်ဇင်၊အကယ်ဒမီ ခိုင်သင်းကြည်၊အရိုင်း၊ကျော်ထူး၊ခင်လှိုင် တို့ ကပါဝင်သရုပ်ဆောင်ကာ မြန်မာပေါကားတွေရပ် ဆိုပြီးဇာတ်ကားကြီးထွက်လာပါဦးမယ်။

မြန်မာပေါကားတွေရပ်ဆိုပြီး ပြောထားတာတောင် မြန်မာပေါကားတွေရပ် ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားရိုက်တယ်ဆိုတဲ့ ဘာပြောရမလဲပေါ့နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။