မြန်မာသံဇဉ် ဂီတလောကမှာ အရမ်းကိုနာမည်ကြီး ရေပန်းစားခဲ့တဲ့ တေးသံရှင် ပိုးအိစံကတော့ ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့ပေမယ့် ယနေ့တိုင်သူမရဲ့ တေးသီချင်းချိုချိုလေးတွေကို ကြားနေရဆဲပဲဖြစ်ပါတယ်။ ပိုးအိစံရဲ့ နားဝင် ချိုလှတဲ့ တေးသီချင်းလေးတွေကတော့ ဟိုးအရင် ကတ်ဆက်ခွေများ ခေတ်တည်းက ယနေ့တိုင် အောင်မြင်နေခဲ့တာဖြစ်ပြီး အလှူမင်္ဂလာပွဲတွေမှာလည်း ပင်တိုင်ဖွင့် နေကြရတာပဲဖြစ်ပါတယ်။ 

ဂီတလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ နိုင်ငံကျော်တေးသံရှင် ပိုးအိစံကတော့ သူမရဲ့ ဘဝမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားလောက်တော့ ရိုက်ချင်တယ်လို့ ပြောလာခဲ့ တာပဲဖြစ်ပါတယ်။ သူမ ကိုယ်တိုင် ထုတ်လုပ်သူ အဖြစ်နဲ့ ရိုက်ကူးချင်တာဖြစ်ပြီး ဇာတ်လမ်း အမျိုးအစား လေးကတော့ ဟာသဆန်ဆန် လေးပဲရိုက်ကူးချင် တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကို အတင်းကလိထိုးပြီး ရယ်စေရမယ့် ဟာသကား မျိုးမဟုတ်ပဲ သဘာဝကျကျ သရုပ်ဆောင်သွားတဲ့ အိုက်တင်အပေါ်သဘောကျ ရယ်မောရတဲ့ ဟာမျိုးကိုရိုက်ကူးချင်တာပါလို့ပြောပါတယ်။

ပိုးအိစံရဲ့ လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ မင်္ဂလာပွဲ ၊ အလှူပွဲ နဲ့ ညစာစားပွဲ လေးတွေမှာ သွားရောက်ဖျော် ဖြေဖြစ် နေပါတယ် လို့ဆိုပါတယ်။ သူမရဲ့တစ်ကိုယ်တော် ရှိုးအယ်လ်ဘမ် အခွေလေးဟာလည်း လက်ရှိမှာ ပထမပိုင်းထွက်ပြီး သွားပြီဖြစ်ပြီး ကျန်နေသေးတဲ့ ဒုတိယပိုင်းကို ဆက်လက်ထွက်ရှိဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။လာမယ့်၂၀၁၈မှာလည်းသူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးထပ်မံပြုလုပ်သွားဖို့ ရှိတယ်လို့ လည်းသိရပါတယ်။ ကျက်သရေရှိလှတဲ့ သူမရဲ့တေးသီချင်း ချိုချိုလေး တွေကို အားပေးသလိုသူမရဲ့ဆန္ဒလေးတွေအတိုင်း အကောင်ထည် ဖော်ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ကိုရောအားပေးမယ် မဟုတ်လားပရိသတ်ကြီး။ 

သတင်းအရင်းအမြစ် - ပိုးအိစံ(Popular) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။