အဆိုတော် စိုးသူဟာ တခေတ်တခါ က နာမည်ကြီးခဲ့တဲ့သူတစ်ယောက်ပါ။ ယခု အချိန်ထိ လည်းအောင်မြင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။စိုးမြတ်နန္ဒာကလည်း အနုပညာလုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့်လည်း သူမရဲ့ သားလေးနှင့်အတူ အေးအေးချမ်းချမ်းဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။ စိုးသူနှင့် စိုးမြတ်နန္ဒာတို့ရဲ့ သတင်းဟာလည်း နေရာအနှံ့အပြားမှာတွေ့နေရမှာဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက်ချစ်ပုံ အရမ်းပေါ်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေကို တရားဝင် မပြောသေးပေမဲ့လည်းသိကြပါတယ်။ ပေ့ချ်တစ်ခုကတောင် နောက်နှစ် လဆန်းလောက်မှာ သူတို့ နှစ်ယောက်လက်ထပ်တော့မယ်လို့တောင် သတင်းတွေဖြန့်နေပါသေးတယ်။

စိုးမြန်နန္ဒာ ရဲ့ fan group စုပေါင်း မဟာဘုံ ကထိန်ပွဲကို ကျောက်ပန်းထောင်းမြို့နယ်က ပုပ္ဗါးမြောက်တော ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ စိုးမြတ်နန္ဒာနှင့်အတူ သူမရဲ့ ပရိသတ်တွေလည်းပါဝင်ခဲ့ပြီး အဆိုတော်စိုးသူလည်း ဝင်ရောက်လှူဒါန်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို မြင်ရတာ ကတော့ တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်။ ချစ်စရာလေးတွေနော် ဘုရားတရား ကိုးကွယ်ပြီး ကုသိုလ်တူတူလုပ်ကြတာလေးက...

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။