ရိုးရှင်းတဲ့ဒီလိုပုံလေးတွေကလည်း ခွေးလေးနှင့် ကိုယ့်အကြားဘယ်လောက်သံယောဇဥ်ရှိနေတယ်ဆိုတာကို အထင်းသားဖော်ပြ ပေးနေတဲ့ပုံရိပ်လေးတွေဖြစ်ပါတယ်။
အတူလမ်းလျှောက်ထွက်တဲ့ပုံရိပ်လေးတွေဟာလည်း အမှတ်တရဖြစ်အောင်ရိုက်ကူးသင့်တဲ့ ပို့စ်လေးတွေဖြစ်ပါတယ်။ ခွေးလေးတွေဟာ မြန်မြန်ကြီးပြင်းသွားတတ်ကြတာကြောင့် ဒီလိုပုံတွေဟာ တစ်ကယ်ကောင်းမွန်တဲ့အမှတ်တရတွေအများကြီးကို သိမ်းပေးထားနိုင်ပါတယ်။
ပုံလေးကိုကြည့်တာနှင့် ကိုယ့်ရဲ့ခွေးလေးတွေကို သေချာပေါက်သတိရသွားစေနိုင်တဲ့ဒီလိုပုံမျိုးလေးကလည်း ခွေးလေးတွေရှိရင် သေချာပေါက်ရိုက်သင့်တဲ့ပုံဖြစ်ပါတယ်။ ပုံဟာ အမှတ်တရဖြစ်ရုံတင်မကဘဲ ချစ်စရာလည်းအတော်လေးကောင်းပါတယ်။
ပုံမှန်လုပ်နေကျလိုမျိုးဖြစ်တဲ့ ဒီလိုပုံရိပ်လေးတွေကလည်း သဘာဝဆန်ပြီးတော့ အမှတ်တရတွေကိုပြန်မြင်ယောင်လာစေနိုင်တဲ့ ပုံစံလေးဖြစ်ပါတယ်။
အကောင်လေးတွေရဲ့ မျက်နှာကို အနီးကပ်ရိုက်ပေးထားတာကလည်း တစ်ချိန်မှာပြန်ကြည့်ဖြစ်ရင် အတော်လေးအမှတ်တရရှိနေစေမယ့်ပို့စ်လေးဖြစ်ပါတယ်။
ဆင်တူအင်္ကျီလေးတွေဝတ်ပြီးတော့ အတူတူရိုက်ထားခြင်းကလည်း ကြီးမားတဲ့အမှတ်တရဖြစ်လာမှာသေချာပါတယ်။ ဒီလိုဓာတ်ပုံလေးတွေဟာ ခွေးလေးတွေရဲ့ကြီးပြင်းသွားမှုကိုလိုက်ပြီးတော့ တောက်လျှောက်ရိုက်ပေးရင် အတော်လေးချစ်ဖို့ကောင်းမယ့်အမှတ်တရဖြစ်လာနိုင်ပါတယ်။