အရောင်စပ် Sneaker အမိုက်စားဒီဇိုင်းများ

//s9.kh1.co/51/5136cdc0b10218672874e9ba0032ab75bce0c515.jpg
MPT Lifestyle

 ၀၅-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၃ ရက် က

အရောင်စပ် Sneaker အမိုက်စားဒီဇိုင်းများ

https://s9.kh1.co/__image/w=650,h=650,q=100/7b/7bc6f9dcc06c78a74387fe167ec8a2bcc591150b.jpg

သက်တံ့ရောင်လိုမျိုးအရောင်စုံရောစပ်ထားတာတွေဟာ အရင်တုန်းကတော့ လူကြိုက်မများခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ လူငယ်တွေကြားမှာ Trend တစ်ခုလိုဖြစ်လာပြီးလူကြိုက်များလာပါတယ်။ 

https://s9.kh1.co/__image/w=600,h=600,q=100/3a/3afcbfe74791914f2bcc3d2bea67ac12961ca28e.jpg

အညိုရောင်နှင့်အစိမ်းရောင်ကို အခုလိုမျိုးလှလှပပစပ်ထားတာကလည်း Sneaker ကိုပိုလှသွားစေသလို ထူးခြားတဲ့ပုံစံလေးဖြစ်သွားစေပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/fb/fbb4dff1603d4c0494991f42fe1df47fd1c7eb37.jpg

အခုလိုမျိုး အရောင်စိုပြီးတောက်ပတာတွေကို စပ်ထားတာကလည်း Sneaker အနေနှင့်ဆို တစ်မျိုးကြည့်လို့ကောင်းသွားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အမျိုးသားတွေနှင့်ပိုပြီးလိုက်ဖက်မယ့် ပုံစံဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/3d/3d3f28772332348a921d8ab400e1cb70a1c211c9.jpg

အနုမြူစိမ်းလိုမျိုးအရောင်နှင့် နီယွန်လိမ္မော်ကိုတွဲထားတဲ့ ဒီလိုအရောင်စပ် Sneaker ကလည်းခေတ်ဆန်ပြီးတော့ ဖက်ရှင်ကျတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။  အထူးသဖြင့် ညဖက်ပွဲတော်တွေနှင့် ကလပ်လိုမျိုးနေရာတွေမှာ စီးရအဆင်ပြေစေမယ့်အရောင်စပ်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/c3/c3a98d835bd6e8efbf820b4259eb10726cce9612.jpg

ခရမ်းရောင်ကိုမှ အနုအရင့်မခွဲဘဲ အဖြူနှင့်ရောထားတာကလည်း အတော်လေးကြည့်ကောင်းတဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် Outfit တော်တော်များများနှင့်တွဲဝတ်လိုက်ဖက်နိုင်တဲ့ အရောင်စပ်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/64/64615b98e0f1a75cf830108367cd5778ad2fc6f9.jpg

ဆောင်းဦးလိုမျိုးခံစားချက်ကိုပေးနိုင်တဲ့ ဒီအရောင်စပ်ဟာလည်း လူငယ်တွေကြားမှာနာမည်ကြီးပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေအတွက် ဖက်ရှင်ကျစေနိုင်တဲ့ အသွင်အပြင်ဖြစ်စေတဲ့ အရောင်စပ်ဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T