တစ်ခြားသူတွေကို အားပေးဖို့နည်းလမ်းများ

//s9.kh1.co/cb/cb74141ecdbfe944a7580c8de562d8e867a3d613.jpg
MPT Lifestyle

 ၀၃-မေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၆ ရက် က

တစ်ခြားသူတွေကို အားပေးဖို့နည်းလမ်းများ

တစ်စုံတစ်ယောက်ကိုအားပေးတယ်ဆိုတာ ကောင်းမွန်တဲ့အကြောင်းအရာဖြစ်ပါတယ်။ အားပေးတဲ့အချိန်မှန်ကန်ပြီး နည်းလမ်းကလည်းကောင်းမွန်တယ်ဆိုရင် တစ်ဖက်လူအနေနှင့်အတော်လေးအကျိုးရှိသွားနိုင်ပါတယ်။ ဒါကြောင့် အားပေးမယ်ဆိုရင် ကြီးကြီးမားမားတွေမတွေးဘဲ အသေးဆုံးအလုပ်လေးတွေကိုတောင် အားပေးဖို့လိုအပ်ပါတယ်။ အသေးစားအလုပ်လေးတွေကိုပါ အားပေးထားရင် ပိုပြီးကောင်းမွန်တဲ့အလုပ်တွေလုပ်လာနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=634,q=100/90/9006bdb9ccb8f7fb1ee910b8875f08366161ef6f.jpg

အမှားတွေတွေ့မိရင်တောင် အပြစ်မပြောဘဲ ကောင်းမွန်တဲ့ဖက်ကနေပဲ ပြောပေးသင့်ပါတယ်။ အထူးသဖြင့် အားပေးခြင်းဟာ ဝေဖန်ပြစ်တင်ခြင်းနှင့်လုံးဝမတူညီဘူးဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။ မကောင်းတာတွေ့ရင်တောင် မကောင်းဘူးလို့ပြောပေးတာထက် နောက်တစ်ခေါက်ကျရင်ပိုပြီးကောင်းလာမှာပါဆိုပြီးပြောပေးခြင်းက ပိုပြီးကောင်းမွန်တဲ့အားပေးမှုဖြစ်စေမှာပါ။

https://s9.kh1.co/__image/w=564,h=564,q=100/b4/b4822b5a67b3272414272da2bfb57ff4d9fdd433.jpg

သူတို့အပေါ်ကောင်းတဲ့အမြင်နှင့်ကြည့်ပေးပြီးတော့ ထိရောက်မယ့်အကြံဉာဏ်နှင့် စိတ်ထားတွေထားပေးရပါမယ်။ အကောင်းမြင်တဲ့မှတ်ချက်တွေနှင့် သူတို့ရဲ့ကောင်းကွက်တွေကို သူတို့ကိုယ်တိုင်သိလာအောင်ကူညီပေးရမှာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T