ကြွက်နဲ့ တူတဲ့ရှားပါး အရိုးပျော့ငါး

//s9.kh1.co/09/09cfa97d3dc2442b86a719aad64b1904ac7b2555.jpg
MPT

 ၂၇-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ကြွက်နဲ့ တူတဲ့ရှားပါး အရိုးပျော့ငါး

ယင်းငါးတွေကို ကြွက်ငါး တစ္ဆေငါးမန်းစသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ မျိုးတုန်းပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေထဲကမှ အနည်းငယ်သာ ကျန်ရှိနေတဲ့ ရှားပါးငါးမျိုးစိတ်လည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ငါးမန်းအနွယ်ဝင်ထဲမှာပါဝင်တဲ့ ငါးမျိုးစိတ်ဖြစ်ပြီး ကြွက်ငါးတွေဟာ အရိုးပျော့သာရှိကြတဲ့ ငါးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဒီငါးတွေဟာ အစာအိမ်လည်းမပါဝင်ကြလို့ အူကနေပဲ တိုက်ရိုက်အစာခြေကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/9e/9eea0838c7892a63869a54debecdfa18406d25bc.jpg

ဒီလို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရှားပါးငါးတွေဟာ ရှည်လျားတဲ့အမြီး ပါးလွှာပြီး ကြီးမားတဲ့ အမြှေးတောင်တွေကို အသုံးပြုပြီးရွေ့လျားတတ်ကြပါတယ်။ ပင်လယ်ကြမ်းပြင်နဲ့ နီးကပ်စွာနေထိုင်ကြတဲ့ ငါးမျိုးစိတ်တွေလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခရုနှင့် အခြားကျောရိုးမဲ့ သတ္တဝါများကိုသာာ စားသုံးတတ်ကြပေမယ့်လည်း တစ်ခါတစ်ရန်မှာ အဆိပ်ရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/97/97ce46738726a56b8c2fd405533cffb525f8232c.jpg

ဦးခေါင်းက ကြက်တူရွေးပုံစံနဲ့ ဆင်တူပြီး ယုန်ငါးနှင့်လည်း အတော်လေးဆင်တူကြပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ သုတေသနကို အခြေခံပြီး Holocephali( ကြွက်ငါး ) သည် လွန်ခဲ့သောနှစ်ပေါင်း 421 သန်းခန့်က Elasmobranchii မှကွဲထွက်သွားတယ်လို့ ခန့်မှန်းလို့ရပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T