အမတွေကို musk အနံ့နဲ့ ဆွဲဆောင်လေ့ရှိတာကြောင့် နာမည်တွင်သွားတဲ့ Muskox သိုး

//s9.kh1.co/8a/8ada12bfb2d6cd168d003b04d16ef677dd3e3f37.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၁၆ ရက် က

အမတွေကို musk အနံ့နဲ့ ဆွဲဆောင်လေ့ရှိတာကြောင့် နာမည်တွင်သွားတဲ့ Muskox သိုး

Muskox ကတော့ Bovidae မိသားစုမှ ဆင်းသက်လာတဲ့ ချိုပါတဲ့ နို့တိုက်သတ္တဝါ မျိုးစိတ်တစ်ခု ဖြစ်ပြီး သိပ္ပံနာမည်ကတော့ Ovibos moschatus လို့ ခေါ်ပါတယ်။ မိတ်လိုက်ချိန်မှာ အမတွေကို ဆွဲဆောင်ဖို့ Muskox အထီးတို့ ထုတ်လွှတ်တဲ့ musky အနံ့ရှိတာကြောင့် အစွဲပြုပြီး Muskox လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇၀၀ ဝန်းကျင်ထဲက အာတိတ်ဒေမှာ စတင်တွေ့ရှိခဲ့ကြပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ ထူပိန်းတဲ့ အမွေးရှည် ၊ နဖူးမှ ထိုးထွက်ပြီး မျက်နှာအရှေ့သို့ ကောက်လာတဲ့ ဦးချို ၊ ကြီးမားတဲ့ အရွယ်အစားကြီးတို့ကြောင့် လူသိများလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1b/1b391e8f2ee06cca2f39f87ef22d564f64b36134.jpg

နွားမျိုးစိတ် နဲ့ တူပေမယ့် အကြီးဆုံး သိုးမျိုးစိတ်ဝင်ဖြစ်ပြီး အလျား ၁.၁ မှ ၁.၅ မီတာ ( ၃ ပေ ၇ လက်မ မှ ၄ ပေ ၁၁ လက်မ ) ရှိပြီး ပုခုံးအထိ အမြင့် ၁၃၅ စင်တီမီတာ မှ ၂၀၀ စင်တီမီတာ ( ၅ ပေ မှ ၆ ပေ ၇ လက်မ ) အထိ မြင့်ကြပါတယ်။ Muskox အမတွေဟာ အထီးတွေထက် အကောင်အရွယ်အစား ပိုကြီးတတ်ပြီး အကြီးဆုံး ၈ ပေ အထိ မြင့်ပါတယ်။ အနက်ရောင် ၊ မီးခိုးရောင် ၊ အညိုရောင် တို့ ရောနှောထားတဲ့ ရှည်လျားတဲ့ အမွေးရှည်တို့ တကိုယ်လုံး ဖုံးအုပ်ထားပြီး နူးညံ့တဲ့ muskox တို့ရဲ့ အမွေးကို သိုးမွေးထုတ်လုပ်မှုမှာ အသုံးပြုကြပါတယ်။ အများဆုံး ပေါင် ၁၄၃၀ အထိ အလေးချိန်ရှိတဲ့ Muskox တွေသာ တစ်နာရီကို ၆၀ ကီလိုမီတာ အရှိန်သွားနိုင်ကြပြီး သူတို့ကို အန္တာရာယ်မပေးဘူးဆိုရင်တော့ သီးခြား နေလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/59/5956e649463d2d88ea3579341a2faebd2d75b62a.jpg

ဒါပေမယ့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ နော်ဝေးရှိ အသက် ၇၃ နှစ်အရွယ် အဖိုးအိုတစ်ဦး Muskox ကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ် ၊ ဦးချို နဲ့ နူးညံ့တဲ့ အမွေးရှည်တို့ကြောင့် Muskox တွေဟာ အမဲလိုက်မုဆိုးတွေကြားက သားကောင်တစ်မျိုး ဖြစ်ခဲ့ပါတယ်။ စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှု ၊ ရာသီဥတု ဖောက်ပြားမှု တို့ကြောင့် အကောင်အရေအတွက် များစွာ လျော့နည်းခဲ့ရပြီး လက်ရှိမှာတော့ သိုးမွေး နဲ့ အသားအတွက် စနစ်တကျ ပြန်လည်မွေးမြူလာကြပါတယ်။ ပျမ်းမျှဘဝသက်တမ်းမှာ ၁၂ နှစ် မှ ၂၀ နှစ်ကြား ဖြစ်ပြီး ရှေးကျတဲ့ နို့တိုက်သတ္တဝါမျိုးစိတ်လေးဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/81/816c340e63764b60378fc302d035d3eb896501e2.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T