ရွှေရောင်သရဖူ ဦးခေါင်း နဲ့ ကြိုးကြာငှက်

//s9.kh1.co/70/709f180209d331a8a2893b767f66fffbf80bd265.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၁၇ ရက် က

ရွှေရောင်သရဖူ ဦးခေါင်း နဲ့ ကြိုးကြာငှက်

မီးခိုးရောင် သရဖူဆောင်ထားတဲ့ ကရိန်းငှက် ( grey crowned crane ) ကတော့ ခြေတံရှည် ၊ လည်ပင်းရှည် ငှက်မျိုးစိတ်ဖြစ်တဲ့ Gruidae မျိုးစိတ်ဝင် ငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာဖရိက အရှေ့ပိုင်း နဲ့ တောင်ပိုင်းတို့မှာ အများဆုံး တွေ့ရှိရပြီး ယူဂန်ဒါနိုင်ငံ ရဲ့ ကိုယ်စားပြု အမျိုးသားငှက်ပဲ ဖြစ်ပါတယ်။ မီးခိုးရောင်သရဖူဆောင်းထားတဲ့ ကြိုးကြာငှက်ဟာ ခန့်မှန်းချေ ၁ မီတာ ( ၃ ပေ ၃ လက်မ ) မြင့်ပြီး အလေးချိန် ပျမ်းမျှအားဖြင့် ၃.၅ ကီလိုဂရမ် ( ၇.၇ ပေါင် ) ရှိပါတယ်။ ကြီးမားတဲ့ အတောင်ပံကြီးများ ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားကာ လည်ပင်းတစ်ဝိုက် နဲ့ ရင်ဘတ်ဝမ်း‌ဗိုက်ပိုင်းမှာ မီးခိုးရောင် အမွေးရှည်များ ပါရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/43/432cfb0837d8064176f74412620f8e2ea214d762.jpg

Grey crowned crane တို့ရဲ့အတောင်ပံမှာ အများအားဖြင့် အဖြူရောင်ရှိပြီး အမြီးပိုင်းကတော့ အနက်ရောင် အမွေးတို့ ပါရှိပါတယ်။ ထူးခြားချက်ကတော့ Grey crowned crane ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဦးခေါင်းထိပ်မှာ ရွှေရောင်ထောင်တင်နေတဲ့ အမွေးရှည်တို့ဟာ သရဖူ ကဲ့သို့ ကြည့်လို့ကောင်းကောင်း ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါအပြင် နှုတ်သီး နဲ့ ဦးခေါင်းထိပ်မှာ နက်မှောင်တဲ့ အနက်ရောင် ရှိပြီး ရှည်လျား တဲ့ အနက်ရောင် ခြေတံ နှစ်ချောင်း နဲ့ အချိုးညီညီ ကြည့်ကောင်းနေပါတယ်။ မေးစေ့အောက် လည်ချောင်းမှာ အနီရောင် တောက်တောက်ဖောင်းနေတဲ့ လည်ချောင်းအိတ် တစ်ခု ပါရှိပြီး ကြိုးကြာအထီးတွေဟာ အမတွေထက် အရွယ်အစား ပိုကြီးကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ff/ffcaa6e042c284ec20ff79ddf33cd804ffe8f34d.jpg

မြစ်များ ၊ ရေကန်များအနီးရှိ စိမ့်မြောမျး ၊ စိုက်ပျိုး‌မြေများ နဲ့ မြက်ခင်းလွင်ပြင်တို့မှာ နေထိုင်ကျက်စားကြပြီး ငါးငယ်တွေကို အဓိက ဖမ်းယူစားသောက်ကြပါတယ်။ ဒါအပြင် ဖား ၊ အင်းဆက် နဲ့ ယင်ကောင်တို့ကိုလည်း စားသုံးလေ့ ရှိပါတယ်။ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု နဲ့ အရောင်အဆင်းတို့ကြောင့် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး Grey crowned crane များစွာ ဖမ်းဆီး ခံခဲ့ရပါတယ်။ ဦးခေါင်းထိပ်က ရွှေရောင် အမွေးရှည်များ နဲ့ ဒီငှက်ဟာ လူချမ်းသာတို့ရဲ့ အလှမွေး ငှက် မျိုးစိတ်‌တစ်ကောင်လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Grey crowned crane တွေဟာ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပြီး တွေ့ရဖို့ အတော်ကို ရှားပါးနေတဲ့ ငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T