နွားအော်သံနဲ့ ထူးထူးဆန်းဆန်းဖားမျိုးစိတ်

//s9.kh1.co/04/04a565e05c3a3b018baead006b16f6d5ab9593dd.jpg
MPT

 ၂၇-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

နွားအော်သံနဲ့ ထူးထူးဆန်းဆန်းဖားမျိုးစိတ်

American bullfrog တွေကို များသောအားဖြင့် အမေရိကတိုက်ရဲ့ မြောက်ပိုင်းဒေသတွေမှာတွေ့လေ့ရှိပြီး သူတို့ဟာ အဓိက‌ရေအရင်းအမြစ်နေရာတွေဖြစ်တဲ့ ‌ရေကန်၊ ရေအိုင်တွေနဲ့ ရွှံအိုင်တွေထဲမှာ အနေများကြပါတယ်။ အထီးတွေက သူတို့ရဲ့မိတ်လိုက်ရာသီမှာ နွားအော်သံနဲ့ ဆင်တူတဲ့အသံကို အော်မြည်တတ်ကြတဲ့အတွက် နွားထီးဖားလို့လည်း ခေါ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c2/c242b86f03347896daac0c26340891485b3cab62.jpg

သံလွင်ရောင်ညှို့ညှို့နဲ့ ဒီဖားမျိုးစိတ်တွေကို တချို့တွေက အိမ်မွေးတိရစ္ဆာန်အဖြစ်တောင် မွေးမြူကြပါသေးတယ်။ နွားထီးဖားတွေဟာ အများဆုံး ၁၅ စင်တီမီတာအထိ ရှည်လျားကျပြီး အလေးချိန်အားဖြင့်လည်း ၅၀၀ ဂရမ်အထိရှိကြလို့ မြောက်အမေရိကမှာ အကြီးဆုံးဖားမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ နွားထီးများသည် ရက်စက်ကြမ်းကြုတ်သော သားကောင်များ ဖြစ်ပြီး ၎င်းတို့ နိုင်နင်းစွာ စားသုံးနိုင်သော တိရစ္ဆာန်ငယ်လေးများကို သားကောင်များအဖြစ် စားသုံးလေ့ရှိကြသည်။ နယ်မြေလုကြတဲ့အခါမှာလည်း သူတို့ရဲ့ အရက်စက် အကြမ်းကြုတ်ဆုံးနည်းလမ်းနဲ့ ယှဥ◌်ပြိုင်တိုက်ခိုက်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/51/510016a5cbc4fe3882630dbb59cf5807cc08ead0.jpg

နွားထီးဖား အမ တွေဟာ တစ်ခါ မျိုးဥ ဥတဲ့အခါ အနည်းဆုံး “ ဥ ၂၀၀၀၀ “ အထိ ဥဥတတ်ကြလို့ မျိုးပွားမှုနှုန်းအလွန်များပြားတဲ့ ဖားမျိုးစိတ်လည်းဖြစ်ပါတယ်။ ဒီဖားမျိုးစိတ်တွေရဲ့ သက်တမ်းကလည်း အများဆုံး ၁၆ နှစ်အထိတောင်ရှိပြီး ရန်လိုတတ်တဲ့ ဖားမျိုးစိတ်တွေမို့ အသွင်အပြင်အားဖြင့် မဆိုးလှပေမယ့်လည်း သတိထားသင့်တဲ့ ဖားမျိုးစိတ်ထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T