အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဝင် ဆရာ ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား) အဖမ်းဆီးခံရ

//s9.kh1.co/71/71162dd3d018ccf9dd3c7a242123447a42ec8449.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ရေးကိုယ်တာအတွက် ခရီးသွားရင်း ဖမ်းဆီးခံရတာတဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဖေဖော်ဝါရီ(၁)ရက်နေ့တည်းက အာဏာထိန်းချုပ်မှုကိုခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို လက်မခံကြောင်း ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။ထိုသို့ပြုလုပ်ကြသူများတွင် ပညာရေးနယ်ပယ်က ဝန်ထမ်းများလည်းပါဝင်ကြပါတယ်။

Photo Credit From Kumudra
Photo Credit From Kumudra

ပညာရေးသပိတ်များအား ဦးဆောင်သူ၊ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း လည်း ဖြစ်တဲ့ လက်ရှိ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီရံ့ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား)အဖမ်းဆီးခံရကြောင်း ယမန်နေ့ စက်တင်ဘာ(၂၄)ရက်က ကြားသိရသည်။

Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ

သူဟာ ယမန်နေ့ စက်တင်ဘာလ(၂၄)ရက်၊ နေ့လည်ပိုင်းက ခရီးသွားနေစဉ် စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကနဦးသိရှိရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးပါ။ဒါကြောင့် ဆရာ ဦးစိုးသူရကျော်ရဲ့ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် များစွာစိုးရိမ်ရသည့် အခြေအနေဖြစ်နေပါသည်။ပရိတ်သတ်ကြီးအနေနဲ့လည်း ဘေးကင်းကင်းနဲ့အမြန်ဆုံးလွတ်မြောက်လာအောင်ဆုတောင်းပေးပါဦး။

Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Photo Credit from အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T