သဘာဝပစ္စည်းတွေနှင့်သာပြုလုပ်ထားကြောင်း သက်သေပြဖို့ဆပ်ပြာကိုစားပြခဲ့တဲ့ သူဌေးတစ်ဦး

//s9.kh1.co/28/280c13095dd736899d7a2ee5585cd23e67b4f4bb.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၇ လ က

မားကတ်တင်းစကေးကတော့ တရုတ်ပီသချက်ပဲ

တရုတ်နိုင်ငံက နာမည်ကြီးသန့်ရှင်းရေးထုတ်ကုန်တွေထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုရဲ့သူဌေးဟာ လတ်တလောလူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ နှစ်ပေါင်းအတော်ကြာ သန့်ရှင်းရေးထုတ်ကုန်တွေထုတ်လုပ်ခဲ့တဲ့ ဒီသူဌေးဟာ သူထုတ်လုပ်တဲ့ဆပ်ပြာက သဘာဝပစ္စည်းစစ်စစ်ဖြစ်ကြောင်း သက်သေပြတဲ့အနေနှင့် ဆပ်ပြာကိုစားပြခဲ့တာပါ။ သူ့အပြောအရ ဒီဆပ်ပြာဟာ နွားနှင့်သိုး နို့အပြင်ရေနှင့်အယ်လ်ကာလီတွေပဲပါဝင်တာကြောင့် စားမိရင်တောင် အန္တာရာယ်မရှိဘူးလို့သိရပါတယ်။ ဆပ်ပြာရဲ့အရသာဟာလည်း နွားနို့မုန့်လိုမျိုးပဲဖြစ်တယ်လို့ စားရင်းနှင့်သူကပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=402,q=100/e5/e5232e3758ff72793676f979f3db5ad578663db1.jpg
https://s9.kh1.co/__image/w=650,h=367,q=100/3f/3fe01e34e301319e4c0c71a70e2c172df80eaf7f.jpg

ဆပ်ပြာစားလိုက် ရေသောက်လိုက်နှင့် ကုန်ပစ္စည်းကိုသေချာသက်သေပြနေတဲ့ သူဌေးရဲ့ဗီဒီယိုဟာ အတော်လေးရေပန်းစားသွားပြီးတော့ အများစုကတော့ ဆပ်ပြာကိုမစားသင့်ကြောင်းပြောနေကြတာပါ။ သန့်ရှင်းရေးအတွက်ထုတ်ထားတဲ့ထုတ်ကုန်ဖြစ်တာကြောင့် သဘာဝပစ္စည်းတွေနှင့်ပဲလုပ်တယ်ဆိုရင်တောင် မစားသင့်ကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/94/94d3a815c657e6bd4d9276bc438b6ebaf58a8dda.webp

Source - odditycentral 

#Myanmarload #Soap #China #NaturalProducts 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T