စခန်းကို စားနပ်ရိက္ခာတွေရောက်ဖို့အရေး ရွှံ့ဗွက်ထနေတဲ့ လမ်းခရီးကနေ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကြိုးစားသယ်ယူနေကြရတဲ့ ဧရာဝတီ PDF တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/8a/8a90c63340db219f2b68e176eda930544a2fdd92.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

တော်လှန်ရေး အောင်မြင်ဖို့အတွက်  GZ လူငယ်တွေကတော့ ရရာနည်းလမ်းတွေနဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ တချို့ လူငယ်တွေကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ PDF တပ်သားများအဖြစ်ခံယူပြီး လာရာလမ်းမတူကြပေမယ့် တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် ရည်မှန်းချက်တွေကတော့ တူညီကြတာဖြစ်ပါတယ်။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ရာထူးဂုဏ်တွေ၊ အောင်မြင်ကျော်ကြားမှုတွေအပြင် ချစ်တဲ့မိသားစုတွေကိုပါ စွန့်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ

ဒါ့အပြင် လွတ်မြောက်နယ်မြေမှာ PDF ရဲဘော်တွေဟာ စစ်ပညာများသင်ကြားနေတဲ့ အချိန်မှာလည်း အနေအထိုင်၊ အစားအသောက် ခက်ခဲပင်ပန်းမှုတွေကြားမှာ ယုံကြည်ရာကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ယခုမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာက ဧရာဝတီ PDF တွေရဲ့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရုပ်သံရိုက်ကူးပြီး ပြည်သူတွေအတွက် ဖော်ပြလာခဲ့ပါတယ်။

Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ
Photo Credit - PDF ဧရာဝတီ

ဒါကတော့ အနယ်နယ်အရပ်ရပ်က အလှူရှင်များလှူဒါန်းပေးတဲ့ စားနပ်ရိက္ခာတွေ နဲ့ ဆေးဝါးများကို  ရွှံ့ဗွက်တွေထနေတဲ့ ကြမ်းတမ်းတဲ့လမ်းကနေ စခန်းကိုရောက်ဖို့အရေး PDF ရဲဘော်တွေက ပင်ပင်ပန်းပန်း သယ်ယူနေတာ ဖြစ်ပါတယ်။ ယခုအချိန်က မိုးတွင်းကာလဖြစ်တာကြောင့် တောတောင်ထဲမှာ PDF ရဲဘော်တွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီရုပ်သံကို ဖော်ပြပေးရင်း တန်ဖိုးရှိတာတွေနဲ့ ချစ်တဲ့မိသားစုကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေမှာ အနစ်နာခံနေကြတဲ့ PDF ရဲဘော်တွေကို ပရိသတ်တွေက အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

သတင်း အရင်းအမြစ်Source - PDF ဧရာဝတီ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T