အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တောထဲလမ်းလျှောက်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းကောင်းတွေကို ပြောပြလာတဲ့ PDF လူငယ်လေး

//s9.kh1.co/21/2191b341a652045fcd47ebe374c2aafad306b951.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးအတွက် တောထဲမှာ စစ်သင်တန်းတွေတက်ရောက်ကာ လက်နက်ကိုင်တော်လှန်ပြီး ပင်ပန်းကြီးစွာတိုက်ပွဲတွေဝင်နေရပေမယ့် ပြည်သူတွေမှာ အားတင်းရင်းကြိုးစားလျှောက်လှမ်းနေကြတာပါ။ အခက်အခဲများစွာနဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်ရင်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တောထဲလမ်းလျှောက်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းကောင်းတွေကို PDF လူငယ်လေးက ဝေမျှပြောပြလာပါတယ်။ အတွေးသေးတိမ်လွန်းတဲ့ လူတချို့အတွက် မထိရဲ မကိုင်ရဲဘဲ ဘုန်းကံနိမ်မှာဆိုးတယ်ဆိုပြီး ရွံရှာတတ်ကြတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ နယ်မြေရှင်းလင်းရေးတွေ၊ ရှေ့တန်းစစ်မြေပြင်ကို မိုင်ပေါင်းများစွာ လမ်းလျှောက်နေရတဲ့ သူတွေအတွက်ကတော့ ဖေးကူပေးတဲ့ အသုံးဝင်ပစ္စည်းတစ်ခုဖြစ်တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc

ဘွတ်ဖိနပ်တစ်ရံနဲ့ နေ့ရောညပါ လမ်းလျှောက်ရတဲ့အချိန် ခြေဆီထွက်လို့ ချော်တာကတစ်ကြောင်း မိုးရွာလို့ ဘွတ်ဖိနပ်ထဲရေဝင်တာက တစ်ဖုံ၊ ချောင်းဖြတ်ကူးလို့ ရွံ့ဝင်တာက တစ်မျိုးနဲ့ ပွတ်တိုက်မူများလာတဲ့အချိန် ခြေထောက်တွေ ပွန်းပဲ့ဒဏ်ရာတွေရပြီး ရေကြည်ဖုတွေဗရဗျစ်တွေနဲ့ အရမ်းနာကျင်ခံစားလာရတဲ့အချိန် အမျိုးသမီးလစဉ်သုံးကပ်ခွာက အရမ်းအသုံးဝင်တယ်လို့ ဆိုပါတယ်။ ခြေထောက်နာစပြုလာပြီဆိုတာနဲ့ ပါလာတဲ့ကပ်ခွာလေးယူ ကပ်တက္​မကပ်တက်နဲ့ ခြေမှာကပ် ဘွတ်ဖိနပ်ထဲထည့်ပြီး လမ်းလျှောက်တဲ့အခါ မွေ့ယာပေါ်လမ်းလျှောက်နေရသလိုဖြစ်ကာ တခါတလေ မရှိရင် စစ်မေလေးတွေဆီ ရှက်ကြောဖြတ်ပြီး တောင်းခဲ့ရတဲ့အချိန်တွေမှာလည်း စနောက်ခံရတာတွေကိုလည်း ပြောပြထားပါသေးတယ်။ 

Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc

တချို့ဆိုရင် ဘေးအန္တရာယ်ကင်းစေဖို့အတွက် အမေ့ထမိန်စလေးတွေ လက်မှာပတ်တဲ့ လူက ပိတ်သလို လည်မှာဆွဲတဲ့လူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။ စျေးဆိုင်တွေမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းသွားဝယ်တဲ့အခါမှာလည်း စနောက်ခံရပြီး ရှက်ကိုးရှက်ကန်းဖြစ်ရတဲ့အကြောင်းတွေကိုလည်း ပြန်လည်ပြောပြထားတာမို့ ပြည်သူတွေကလည်း သဘောကျစွာ အားပေးထားကြတာ တွေ့ရပါတယ်။

Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc
Photo Credit - Aung Htoo's Fb Acc

သတင်း အရင်းအမြစ်Aung Htoo's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T